Friday, March 29, 2013

Soyou& Hyorin - Vogue Girl Interview 2013 April

VOGUE GIRL - APRIL 2013 INTERVIEW

SISTAR Soyou & Hyorin





အရင်တစ်ခါကတော့ Hyorin ကို Vogue Girl အစီအစဉ်မှာဘဲ "နတ်သမီးလေးပါလား" လို.မှတ်ချက်ချရလောက်အောင် သူမရဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ တွေ.ခဲ့ရတယ်။ ဒီတစ်ခါရော SISTAR အနေနဲ့ ဘာဝတ်စုံတွေ ၀တ်ဖြစ်ကြလဲ။

Hyorin: ဒီနေ့တော့ စုန်းမပုံစံ။ အနားမှာ တံမြက်စည်း တစ်လက်လောက်ရှိလို.ကတော့ ချက်ချင်း ထပျံလို.ရနေပြီ။ (ရယ်လျက်)

Soyou: အရင်တခါကတည်းက အ၀တ်အစားရွေးတာ ပြသနာနဲနဲရှိခဲ့ရတယ်။ အခုလဲ ဒီနေ့ စစချင်း အရမ်းကြိုက်လို. ရွေးမိတဲ့ ၀တ်စုံက၊ တကယ်ဝတ်ကြည့်တော့ အဆင်မပြေဘူးဖြစ်နေတယ်။ ၀တ်စုံက အရမ်းကိုလှလွန်းတယ်။

ညီမ၀တ်လို.ရဦးမယ်မထင်ဘူး။ ၀တ်စုံက အရမ်းကို လည်ပင်းဟိုက်ပြီး ရင်သားကိုပေါ်လွင်စေတယ်။ ရိုက်ကူးရေးအတွက် အဆင်မပြေနိုင်ဘူး။ (ရယ်လျက်)

Soyou: သိတယ်.. အဲဒါကြောင့်လဲ စိတ်ညစ်နေတာ.

Hyorin: အဲဒါမျိုးကို အိမ်မှာဘဲဝတ်.. ငါဆို bikini ၀တ်ချင်ပေမယ့် ဗိုက်ကအမာရွတ်ပေါ်မှာစိုးလို. အိမ်မှာဘဲဝတ်တယ်... (ရယ်လျက်) (မှတ်ချက်။ Hyorin က ငယ်ငယ်ကတည်းက ခွဲစိတ်မှု အကြီးအကျယ်လုပ်ခဲ့ပြီး အသက်ရှင်ခဲ့ရသူမို့ သူမခန္ခာကိုယ်မှာ အမာရွတ်တွေအများကြီးရှိပါတယ်)

ကျွန်တော်တို.ကြားတာ Hyorin အနေနဲ့ ဒီ Photoshoot ကိုဖျက်မယ်ထင်နေတာ.. တစ်ဘက်မှာ အသံလွှင့်ဖို. အစီအစဉ်၇ှိတယ်ဆို.....

Hyorin: ဟုတ်တယ်.. ဒါပေမယ့် ကံကောင်းစွာဘဲ အသံလွှင့်အစီအစဉ်က ရက်ပြောင်းသွားတယ်။ ညီမက ဒီ Photo Shoot ကိုအရမ်းရိုက်ချင်နေတာ.. အထူးသဖြင့် Soyou နဲ့တူတူမို.လို.ပါ။ SISTAR စပေါ်ကတည်းက ဓာတ်ပုံရိုက်တိုင်း ညီမက Bora နဲ့ Soyou က Dasom နဲ့ တွဲပြီးရိုက်နေကြလေ။ ဒါပေမယ့် အဖွဲ.သားတွေထဲမှာ ညီမနဲ့ ပေါင်းလို.သင်းလို. အဆင်ပြေဆုံးက Soyou ပါ။

Thursday, March 28, 2013

130327 DASOM & BORA - S/W 2013 Seoul Fashion Week

Bora နဲ့ Dasom တို.ရဲ့ ဖက်ရှင်စတိုင်လေးတွေ...



SOYU & HYORIN - VOGUE GIRLS

SISTAR SOYOU နဲ့ HYORIN တို.က VOGUE Magazine - April 2013 အတွက် စုန်းမလေးတွေပုံစံ အလှဓာတ်ပုံလေးတွေ ရိုက်ထားပါတယ်...
ခပ်ချောချော စုန်းမလေးတွေကို ခံစားကြည့်ကြပါဦး...း)

ဒီပုံတွေရဲ့ ထူးခြားချက်တစ်ခုက Hyorin နဖူးကို အရင်လို ဆံပင်တွေနဲ့ ကွယ်မထားတော့ဘူး...



Thursday, March 21, 2013

ကျွန်တော်ဝယ်ထားတဲ့ SISTAR19 Album ဒီနေ့ရောက်တယ်

ဒါတွေအကုန်ရတယ်.. ဟိဟိ ပျော်လိုက်တာ


ဘိုရာနဲ့ ဟိုရင်းရဲ့ လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံလေး၂ပုံ..း)


Tuesday, March 12, 2013

SISTAR - PROFILE

SISTAR




SISTAR က တောင်ကိုရီးယားနိုင်ငံမှ အမျိုးသမီးအဆိုတော်အဖွဲ.။
Sister & Star ကိုပေါင်းပြီး SISTAR လို.ပေးထားတာပါ။
Starship Entertainment ရဲ့ လက်အောက်က တစ်ခုတည်းသော အမျိုးသမီးအဖွဲ.။
သူမတို.အဖွဲ.ကို June 2010 မှ စတင်ခဲ့။
SISTAR ရဲ့ official Fan Club နာမည် Star1 ။ (ကိုရီးယားလိုတော့ Style လို. အသံထွက်ပါတယ်။)
သူမတို.ရဲ့ တရားဝင်အရောင်က Fuchsia လို.ခေါ်တဲ့ ပန်းရင့်ရောင်။ (ဒါပေမယ့် အခုလောလောဆယ်မှာတော့ များသောအားဖြင့် အနီရောင်ကို ပိုသုံးတာ တွေ.ပါတယ်။)




အဖွဲ.၀င်များ



130309 ALONE @ Music Bank - Jarkata


Sunday, March 10, 2013

Bora Twitter SNS


Bora: နားနေခန်းမှာ နောက်ခံအကအဖွဲ.နှင့် တူတူ... အိုး... Boyfriend က မောင်လေးလဲပါတယ်... ခိခိခိ



Bora: "ဝေး.... နှင်းဆီပန်းတွေရတယ်ကွ... ဘယ်သူပေးတယ်ထင်လဲ?"  ဒါက လျို.၀ှက်ချက်... ဟိ ဟိ..

SISTAR19 Twitter SNS


Bora: Bora & Hyorin တို.ရဲ့ စင်ပေါ်မတတ်ခင် ဓာတ်ပုံ.... ၂ယောက်တူတူကြည့်လို.ကောင်းရဲ့လား.. ဟိုး.. ဟိုး..

SISTAR Twitter SNS


 Bora: "ဖြောင်း.. ဖြောင်း..ဖြောင်း.." လက်ခုပ်တီးပေးကြပါ.. SISTAR က Seoul Music Awards မှာ ဆု၂ခုရခဲ့ပါတယ်.. အားလုံးကို ကျေးဇူးပါ...


Hyorin Twitter sns


Hyorin : ပန်းချီဆရာ Hyorin ဟုခေါ်ပါရန်... ဘယ်သူ.ပုံဆွဲနေတယ်ဟု ထင်ပါသလဲ... ဟိဟိဟိ...

Saturday, March 9, 2013

Hyorin က သူမရဲ့ခနွာကိုယ်ကို နံပါတ်၅နေရာမှာရှိသည်ဟု ကြေငြာ


SISTAR19 အဖွဲ.မှ Hyorin က ကိုရီးယားအမျိုးသမီးအဖွဲ.တွေထဲမှာ သူမရဲ့ ခနွာကိုယ်က ထိပ်ဆုံး နံပါတ်၅မှာ ပါဝင်နေကြောင်း ယုံကြည်စွာ ပြောခဲ့ပါတယ်။

March လ  ၈ရက်နေ့က ပြုလုပ်ခဲ့တဲ့ Son Tae Young's W Show မှာ အထူးဧည့်သည်အနေနဲ့ SISTAR19 အဖွဲ.၀င် Bora နဲ့ Hyorin တို.က သူမတို.ရဲ့ သီချင်းသစ်ဖြစ်တဲ့ Gone Not Away Any Longer နဲ့ ပါဝင်တင်ဆက်ခဲ့ပါတယ်။

ဟာသသရုပ်ဆောင် Kim Ji Min နှင့် Bora တို့ရဲ့ အဖွဲ.သစ် SISTAR29


KBS2 TV ရဲ့ Full House အစီအစဉ် ရိုက်ကူးရေးမှာ ဟာသ သရုပ်ဆောင် Kim Ji Min က SISTAR 19 အဖွဲ.ခေါင်းဆောင် Hyorin မရှိတုန်း၊  အဆိုတော် Bora နဲ့ တူတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Kim Ji Min အနေနဲ့ သူမရဲ့ Me2Day Account မှာ " ဒီည ၈း၅၀၊  SISTAR29 အဖွဲ.သစ် Full House အစီအစဉ်မှာ လာမယ်" ဆိုတဲ့ ရီမောစရာ Status နှင့်အတူ သူမနဲ့ Bora ပခုံးပေါ်လက်တင်ဖက်ပြီး တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုတင်ထားပါတယ်။ ကိုရီးယားရဲ့ ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးအဖွဲ.ရဲ့ အဖွဲ.၀င်နဲ့ တူတူ ဓာတ်ပုံရိုက်ရတာကို သူမအနေနဲ့ ပျော်ရွှင်နေပုံရပြီး၊ သူမရဲ့ အသက်ကိုထပ်ပေါင်းထားတဲ့ Sub Unit အဖွဲ. နာမည်သစ် SISTAR29 ဆိုတာကလဲ မြင်ရသူတွေကို ရီမောစေခဲ့ပါတယ်။

My Coffee tumbler... :D

ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းလုပ်ထားတဲ့ Bora ပုံနဲ့ ကော်ဖီခွက်လေးပါ..



Thursday, March 7, 2013

10 Asia Interview with SISTAR 19 - Full Interview (Myanmar Translation)

SISTAR19 ~~ စင်ပေါ်တစ်ခါတတ်ဖူးပြီးရင် ပြန်ဆင်းဖို.ဆိုတာ ခက်ခဲတယ်~~


Written By : Hwang Hyo-Jin
English Translate : xradman
Myanmar Translate : Htwaylay

ကိုရီးယားဈေးကွက်မှာ Idol အဆိုတော်တွေဟာ ပေါ်လိုက် ပျောက်လိုက် ရှိနေချိန်၊ SISTAR ကတော့ ယခုအချိန်ထိ ခိုင်မာတဲ့ နေရာတစ်ခုကို ရရှိထားတယ်ဆိုတာ သေချာပါတယ်။ June 2010 ခုနှစ်မှာ SISTAR အဖွဲ.ကို စတင်တည်ထောင်ပြီးကတည်းက သူမတို.ပန်းတိုင်ကို သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်နဲ့ အမြင့်နေရာကို တစ်လှမ်းချင်း ပုံမှန်လှမ်းတတ်လာသူတွေပေါ့။

2013 ခုနှစ် January လမှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ Main Vocal - Hyorin နဲ့ Rapper - Bora တို.ပါဝင်တဲ့ Sub-Unit အဖွဲ.ဖြစ်တဲ့ SISTAR19 ရဲ့ GONE NOT AWAY ANY LONGER ဆိုတဲ့ သီချင်းက Korea Music Chart နဲ့ Music Program တော်တော်များများရဲ့ ထိပ်ဆုံးနေရမှာ ၄ပတ်တိတိ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခဲ့တယ်။