SISTAR Soyou & Hyorin
အရင်တစ်ခါကတော့ Hyorin ကို Vogue Girl အစီအစဉ်မှာဘဲ "နတ်သမီးလေးပါလား" လို.မှတ်ချက်ချရလောက်အောင် သူမရဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ တွေ.ခဲ့ရတယ်။ ဒီတစ်ခါရော SISTAR အနေနဲ့ ဘာဝတ်စုံတွေ ၀တ်ဖြစ်ကြလဲ။
Hyorin: ဒီနေ့တော့ စုန်းမပုံစံ။ အနားမှာ တံမြက်စည်း တစ်လက်လောက်ရှိလို.ကတော့ ချက်ချင်း ထပျံလို.ရနေပြီ။ (ရယ်လျက်)
Soyou: အရင်တခါကတည်းက အ၀တ်အစားရွေးတာ ပြသနာနဲနဲရှိခဲ့ရတယ်။ အခုလဲ ဒီနေ့ စစချင်း အရမ်းကြိုက်လို. ရွေးမိတဲ့ ၀တ်စုံက၊ တကယ်ဝတ်ကြည့်တော့ အဆင်မပြေဘူးဖြစ်နေတယ်။ ၀တ်စုံက အရမ်းကိုလှလွန်းတယ်။
ညီမ၀တ်လို.ရဦးမယ်မထင်ဘူး။ ၀တ်စုံက အရမ်းကို လည်ပင်းဟိုက်ပြီး ရင်သားကိုပေါ်လွင်စေတယ်။ ရိုက်ကူးရေးအတွက် အဆင်မပြေနိုင်ဘူး။ (ရယ်လျက်)
Soyou: သိတယ်.. အဲဒါကြောင့်လဲ စိတ်ညစ်နေတာ.
Hyorin: အဲဒါမျိုးကို အိမ်မှာဘဲဝတ်.. ငါဆို bikini ၀တ်ချင်ပေမယ့် ဗိုက်ကအမာရွတ်ပေါ်မှာစိုးလို. အိမ်မှာဘဲဝတ်တယ်... (ရယ်လျက်) (မှတ်ချက်။ Hyorin က ငယ်ငယ်ကတည်းက ခွဲစိတ်မှု အကြီးအကျယ်လုပ်ခဲ့ပြီး အသက်ရှင်ခဲ့ရသူမို့ သူမခန္ခာကိုယ်မှာ အမာရွတ်တွေအများကြီးရှိပါတယ်)
ကျွန်တော်တို.ကြားတာ Hyorin အနေနဲ့ ဒီ Photoshoot ကိုဖျက်မယ်ထင်နေတာ.. တစ်ဘက်မှာ အသံလွှင့်ဖို. အစီအစဉ်၇ှိတယ်ဆို.....
Hyorin: ဟုတ်တယ်.. ဒါပေမယ့် ကံကောင်းစွာဘဲ အသံလွှင့်အစီအစဉ်က ရက်ပြောင်းသွားတယ်။ ညီမက ဒီ Photo Shoot ကိုအရမ်းရိုက်ချင်နေတာ.. အထူးသဖြင့် Soyou နဲ့တူတူမို.လို.ပါ။ SISTAR စပေါ်ကတည်းက ဓာတ်ပုံရိုက်တိုင်း ညီမက Bora နဲ့ Soyou က Dasom နဲ့ တွဲပြီးရိုက်နေကြလေ။ ဒါပေမယ့် အဖွဲ.သားတွေထဲမှာ ညီမနဲ့ ပေါင်းလို.သင်းလို. အဆင်ပြေဆုံးက Soyou ပါ။