Friday, May 24, 2013
Hot Pants လေးတွေနဲ့ အရမ်းလှနေတဲ့ SISTAR ရဲ့ Ocean World ကြော်ငြာအသစ်
SISTAR ရဲ့ အဖွဲ.၀င်မိန်းမပျိုလေးများက ပုရိသများအကြိုက် hot pants, bikini, tank tops လေးတွေနဲ့ သူမတို.ရဲ့ ရင်ခုန်စွဲမက်ဖွယ်ရာ အချိုးအစားပြေပြစ်လွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ထင်ရှားအောင် ဖော်ပြထားသော၊ Ocean World ကြော်ငြာအသစ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။
Ocean World ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။
"SISTAR က အရမ်းကို လန်းဆန်းတတ်ကြွပြီး၊ ကျန်းမာသန်စွမ်းတဲ့ ကောက်ကြောင်းတွေ ရှိကြသူတွေပါ။ သူမတို.နဲ့ ကျွန်တော်တို.ရဲ့ Ocean World Park ကြော်ငြာကို ရိုက်ရတာ အရမ်းလဲ ပျော်ဖို.ကောင်းပြီး၊ လာရောက် လည်ပတ်ကြသူတွေကို ပိုမို ဆွဲဆောင်နိုင်မယ်လို.လဲ ယုံကြည်ပါတယ်။"
သူကဘဲ ဆက်ပြီး...
"လာမယ့် June 16 ရက်နေ့မှာ အသစ်ထွက်ရှိမယ့် SISTAR ရဲ့ Album အသစ်ကိုလဲ အောင်မြင်မှုတွေ အများကြီးရပါစေလို. ဆုတောင်းပေးပါတယ်။"
Monday, May 20, 2013
Kpop International BillBoard မှ ပြောသော SISTAR အကြောင်း
တောင်ကိုရီးယားရဲ့ နာမည်ကြီးမိန်းကလေးအဖွဲ.တစ်ခုဖြစ်တဲ့ SISTAR အဖွဲ.က သူတို.ရဲ့ သီချင်းခွေအသစ်ကို အခုလာမယ့် June လ ၁၆ရက်နေ့မှာ ဖြန်ချီဖို. ပြင်ဆင်ထားပါတယ်လို. SISTAR အဖွဲ.ရဲ့ ကုမ္မဏီဖြစ်တဲ့ Starship Entertainment မှ CEO က ပြောကြားသွားပါတယ်။
သူမတို.အဖွဲ.ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Loving U (28 June မှာ ထွက်ရှိခဲ့) အပြီး၊ တစ်နှစ်နီးပါး ကြာပြီးချိန်မှ ဒီသတင်းကို ကြေငြာခဲ့တာပါ။ ဒီတစ်ခါတော့ အဖွဲ.၀င်အားလုံးဖြစ်ကြတဲ့ Hyorin, Bora, Soyou, Dasom အားလုံးပါဝင်ကြမှာဖြစ်ပြီး၊ သူမတို.ရဲ့ သီချင်းတွေကို အမြဲထိပ်ဆုံးရောက်အောင် ပို.ဆောင်ပေးတတ်တဲ့ တေးရေးနဲ့ ထုတ်လုပ်ရေး Brave Brother နဲ့ အတူ လက်တွဲကြမှာ ဖြစ်ပါတယ်။
SISTAR ရဲ့ သီချင်း ၃ပုဒ်ဟာ Kpop International Billboard မှာ Top 1 အနေနဲ့ ချိတ်ခဲ့ပြီး၊ အထူးသဖြင့် နောက်ဆုံးထွက်ရှိခဲ့တဲ့ Hyorin နဲ့ Bora နှစ်ယောက်တည်း သီဆိုထားကြတဲ့ Sistar19 - Gone Not Away Any Longer သီချင်းက Billboard ရဲ့ ပထမနေရာမှာ ရက်သတ္တပတ်တော်တော်ကြာအောင် နေရာယူခဲ့ဖူးပါတယ်။

Friday, May 10, 2013
130418 SISTAR Bora - Allure Korea Interview (Myanmar Translate)
နေ့လည်တစ်နာရီအတိမှာ ချိန်းထားတဲ့အချိန်အတိုင်း ကွက်တိရောက်လာခဲ့တဲ့ Sistar အဖွဲရဲ့ Rapper, Yoon Bora ဖြစ်ပါတယ်..
"Hello" ဆိုပြီး နှုတ်ဆက်တဲ့ သူမရဲ့ အပြုံးက ပင်ပန်းနေကြတဲ့ ကျွန်တော်တို. စက်အဖွဲ.သားတွေအတွက်တော့ အားဆေးလေး တစ်ခွက်လိုပါဘဲ။
Bora ရဲ့ Simpson ကာတွန်းရုပ်နဲ့ တီရှပ်အကျီအပွကြီးကို ဂျင်းဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာကလဲ စင်ပေါ်မှာ ၀တ်နေကြအ၀တ်အစားတွေနဲ့ အကွာကြီးကွာနေပေမယ့် နဂိုလှတဲ့သူဆိုတော့ ကြည့်ကောင်းနေပြန်ရော။ သူမကိုကြည့်ရတာ သူမရဲ့ နဂိုအသက် ၂၄နှစ်ထက်တောင် ပိုငယ်နေသလိုပါဘဲ။
မိတ်ကပ်ဆရာနဲ့ ခြယ်သမှုတွေအပြီးမှာတော့ သူမရဲ့ နာမည်နဲ့လိုက်ဖက်စွာ ခရမ်းရောင် နှုတ်ခမ်း၊ ခရမ်းရောင် မျက်ဝန်း၊ ခရမ်းရောင် ဆံပင်၊ ခရမ်းရောင် အ၀တ်အစားတွေနဲ့ ဆွဲဆောင်မှုရှိစွာ လှနေတဲ့ Bora ကိုတွေ.ကြရပါတယ်။ (မှတ်ချက်။ Bora ရဲ့ အဓိပ္ပာယ်က ခရမ်းရောင်ပါ။) သူမကတော့ ထိုအ၀တ်အစားတွေနဲ့ နေရထိုင်ရခက်ခဲနေပုံရပါတယ်။ ဒါပေမယ့် သူမရဲ့ အမှတ်အသားဖြစ်တဲ့ ချိုသောအပြုံးလေးကိုတော့ ဆင်မြန်းထားဆဲပါ။
SISTAR - Loving U @ MUSIC BANK
Friday, May 3, 2013
Dasom Twitter
FROM @sistarsistar: [DASOM] Here is how #DaSom is with Selca~~! It's May and still a bit cold.>_< Don't catch a cold! Ah....So cold~~~!!@@
Subscribe to:
Posts (Atom)