Friday, May 10, 2013
130418 SISTAR Bora - Allure Korea Interview (Myanmar Translate)
နေ့လည်တစ်နာရီအတိမှာ ချိန်းထားတဲ့အချိန်အတိုင်း ကွက်တိရောက်လာခဲ့တဲ့ Sistar အဖွဲရဲ့ Rapper, Yoon Bora ဖြစ်ပါတယ်..
"Hello" ဆိုပြီး နှုတ်ဆက်တဲ့ သူမရဲ့ အပြုံးက ပင်ပန်းနေကြတဲ့ ကျွန်တော်တို. စက်အဖွဲ.သားတွေအတွက်တော့ အားဆေးလေး တစ်ခွက်လိုပါဘဲ။
Bora ရဲ့ Simpson ကာတွန်းရုပ်နဲ့ တီရှပ်အကျီအပွကြီးကို ဂျင်းဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာကလဲ စင်ပေါ်မှာ ၀တ်နေကြအ၀တ်အစားတွေနဲ့ အကွာကြီးကွာနေပေမယ့် နဂိုလှတဲ့သူဆိုတော့ ကြည့်ကောင်းနေပြန်ရော။ သူမကိုကြည့်ရတာ သူမရဲ့ နဂိုအသက် ၂၄နှစ်ထက်တောင် ပိုငယ်နေသလိုပါဘဲ။
မိတ်ကပ်ဆရာနဲ့ ခြယ်သမှုတွေအပြီးမှာတော့ သူမရဲ့ နာမည်နဲ့လိုက်ဖက်စွာ ခရမ်းရောင် နှုတ်ခမ်း၊ ခရမ်းရောင် မျက်ဝန်း၊ ခရမ်းရောင် ဆံပင်၊ ခရမ်းရောင် အ၀တ်အစားတွေနဲ့ ဆွဲဆောင်မှုရှိစွာ လှနေတဲ့ Bora ကိုတွေ.ကြရပါတယ်။ (မှတ်ချက်။ Bora ရဲ့ အဓိပ္ပာယ်က ခရမ်းရောင်ပါ။) သူမကတော့ ထိုအ၀တ်အစားတွေနဲ့ နေရထိုင်ရခက်ခဲနေပုံရပါတယ်။ ဒါပေမယ့် သူမရဲ့ အမှတ်အသားဖြစ်တဲ့ ချိုသောအပြုံးလေးကိုတော့ ဆင်မြန်းထားဆဲပါ။
ကျွန်တော်တို.စက်အဖွဲ.သားတွေနဲ့ Bora ရိုက်ကူးရေးစတင်ကြပါတယ်။ သူမရဲ့ပင်ကိုယ် ပြုံးနေတဲ့မျက်နှာကို မပေါ်လွင်စေဘဲ ဆွဲဆောင်မှုအပြည့်နဲ့ ရင့်ကျက်နေတဲ့ Yoon Bora ကိုဖန်တီးခဲ့ကြပါတယ်။ Bora ကတော့ သူမပုံတွေကို Monitor ပေါ်မှာ ကြည့်ပြီးတိုင်း ရီနေတော့တာပါဘဲ။ သူမကိုယ် သူမကြည့်ရတာ တော်တော်မသက်မသာဖြစ်နေပုံရပါတယ်။
ညီမအနေနဲ့ အရင်ကလဲ အလှကုန်ပစ္စည်းကြော်ငြာမှာ သရုပ်ဆောင်ခဲ့ဖူးသေးတယ်နော်။ ဒါပေမယ့် ဘယ်ကြော်ငြာလဲ သိပ်မမှတ်မိတော့ဘူး။
ဟုတ်တယ်၊ SISTAR အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ကပ် ကြော်ငြာတစ်ခုရိုက်ခဲ့ဖူးတယ်၊ အဲဒီတုန်းက ညီမတို.နာမည်မကြီးသေးတော့ အဲဒီကြော်ငြာက လူတော်တော်များများ သတိမထားမိကြဘူး။
အခုလို အချိန်တော်တော်ကြာပြီးမှ အလှကုန်ပစ္စည်းကြော်ငြာပြန်ရိုက်ရတော့ ဘယ်လိုခံစားရလဲ။
အရမ်းစိတ်ပူမိတယ်။ ဖက်ရှင်ကြော်ငြာလိုမဟုတ်ဘူး။ အရမ်းအနီးကပ်ရိုက်ချက်တွေများတော့ အသားအရည်ကို စိုးရိမ်နေမိတယ်။ မိတ်ကပ်အမျိုးအစားလိမ်းခြယ်ပုံပေါ်မူတည်ပြီး၊ တစ်ပုံနဲ့ တစ်ပုံက အရမ်းကို သိသိသာသာကွာခြားထွက်လာတယ်။ ဒါကြောင့် မရိုက်ခင်နဲ့ ရိုက်ကူးဆဲ အချိန်တွေမှာ တကယ်ကို စိုးရိမ်မိတယ်။ အသစ်အသစ်တွေကို စမ်းသပ်ချင်တဲ့စိတ်ကလဲရှိတော့ စိတ်ပူပေမယ့် သေချာလုပ်နိုင်ခဲ့လို. ကျေနပ်မိပါတယ်။
ဒီနေ့ရဲ့ ခရမ်းရောင် မိတ်ကပ်ကဘယ်လိုလဲ။ ခါတိုင်း ဖျော်ဖြေရေးမရှိတဲ့ အားလပ်ချိန်တွေမှာရော ဘယ်လိုမိတ်ကပ်ကို သုံးတတ်လဲ။
စင်ပေါ်မှာနဲ့ TV ရိုက်ကူးရေးမရှိတဲ့အချိန်တွေမှာ မိတ်ကပ်လုံးဝမသုံးဘဲနေဖြစ်တယ်။ အရမ်း မိတ်ကပ်ထူထူတွေကြောင့် ပျက်စီးနေတဲ့အသားအရည်ကို တတ်နိုင်သလောက်အချိန်တစ်ခုပေးပြီး ထိန်းသိမ်းဖို.လိုတယ်လေ။ ဒါကြောင့် ရိုက်ကူးရေးမရှိဘဲ ကျောင်းတတ်ရတဲ့နေ့မျိုးမှာ မိတ်ကပ်မလိမ်းဖြစ်ဘူး။ ကောလိပ်ပထမနှစ်စတတ်ချိန်၊ TV ရိုက်ကူးရေးမှာ ပထမဆုံးပါဝင်ခဲ့ဖူးတဲ့နေ့က လိမ်းတဲ့ မိတ်ကပ်က မျက်နှာမှာ အထူဆုံးလိမ်းဖြစ်တဲ့ အချိန်လို.ပြောလို.ရတယ်။
SISTAR အဖွဲ.မပေါ်ခင် ကောလိပ်TV ရိုက်ကူးရေးအစီအစဉ်မှာ ပါဝင်ခဲ့ချိန်ကလား။
ဟုတ်တယ်။ အဲဒီနေ့က လိမ်းဖူးခဲ့တဲ့ မိတ်ကပ်က အရမ်းထူတယ်လို. ခုထိခံစားနေရတုန်းဘဲ။ အခုလက်ရှိနေ့စဉ်လိမ်းနေရတဲ့မိတ်ကပ်တောင် အဲဒီနေ့ကလောက်မထူခဲ့ဘူး။
ညီမရဲ့ ရယ်တာက အရမ်းလန်းဆန်းတက်ကြွနေသလိုဘဲ။ အဲဒါကိုရော သတိထားမိရဲ့လား။
ညီမရယ်တာက ပုံမှန်ပါဘဲ။ ဒါပေမယ့် အရင်ကတည်းက အရယ်သန်တာ။ ဒါကြောင့် ရယ်နေတဲ့ပုံက ကိုယ့်ကိုယ်ကို လိုက်ဖက်မှုအရှိဆုံးလို.လဲထင်မိတယ်။ အထူးသဖြင့် စင်ပေါ်ရောက်ရင် ပိုရယ်ဖြစ်တယ်။ စင်ပေါ်မှာက ပျော်ဖို.လဲကောင်းတယ်။
ညီမ ဒီနေ့ တော်တော်ရယ်ဖြစ်တယ်နော်။
အဲဒါက သူ.ဘာသာ အလိုလိုကို ရယ်ဖြစ်နေတာ။ ကိုယ့်ဘာသာကိုယ်လဲ ဘာလို.မှန်းမသိဘူး။ အထူးသဖြင့် ဒီနေ့က လှလှလေးဝတ်ပြီး ငြိမ်ငြိမ်လေးဓာတ်ပုံရိုက်ရတော့ ကိုယ့်ဘာသာ ကသိကအောက်ဖြစ်ပြီး ပိုရယ်ဖြစ်တယ်။ ညီမနှုတ်ခမ်းတွေက ပုံမှန်အတိုင်းမှာဘဲ ပြုံးနေတတ်တာ။
အခြားအဖွဲ.တွေကအနားယူနေချိန်၊ ညီမတို.ကတော့ SISTAR အပြီး၊ SISTAR19 ဆိုပြီး၊ ချက်ချင်း သီချင်းအသစ်တစ်ပုဒ်ထပ်ထွက်လာရတော့ အရမ်းပင်ပန်းနေကြမှာပေါ့။ ဒီအတွက် စိတ်မညစ်ဘူးလား။
အရမ်းကို အလုပ်ချိန်တွေပြည့်ကြပ်နေချိန်မှာတော့ လူတစ်ယောက်အနေနဲ့ နားချိန်လိုချင်မိတာပေါ့။ ဒါပေမယ့် ညီမတို.လို အနုပညာသမားတွေအတွက် အလုပ်ရှုပ်နေတယ်ဆိုတာ အောင်မြင်မှုတစ်ခုဘဲလေ။ ဒီအချိန်လေးဘဲ ကြိုးစားနေရတာဆိုတော့ ပင်ပန်းရကျိုးနပ်ပါတယ်။
ညီမတို.အဖွဲ. အခုတလောထွက်သမျှ သီချင်းအသစ်တွေအကုန်က နံပါတ်၁နေရာကို ချက်ချင်းချိတ်သွားတယ်။ အခုလို အောင်မြင်မှုအတွက် ဘယ်လိုခံစားရလဲ။
"ငါတို.အရမ်းအောင်မြင်နေပြီ" လို. ခုထိမခံစားရသေးဘူး။ ပရိတ်သတ်တွေရဲ့ အားပေးမှုကတော့ ပိုများလာလို. အရင်ကထက်အောင်မြင်လာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် နံပါတ်တစ်နေရာကို ရောက်လောက်အောင် မအောင်မြင်သေးပါဘူး။ ကြိုးစားဖို.လိုသေးတယ်။
ညီမတို.အနေနဲ့ ပြည်သူတွေကြားမှာ နာမည်ကြီးတာနဲ့ Fan တွေများပြီး အရမ်း နာမည်ကြီးတာ ဘယ်ဟာကို ပိုနှစ်သက်သလဲ။
SISTAR အနေနဲ့ ပြည်သူတွေက ချစ်ခင်တာကို ပိုနှစ်သက်ပါတယ်။ ညီမတို.အဖွဲ.၀င်အချင်းချင်းလဲ ပြောဖြစ်တယ်။ official fan အဖွဲ.တွေများပြီး အားပေးတာကိုလဲ လိုချင်ပေမယ့် အခုလောလောဆယ်မှာ ပြည်သူတွေရဲ့ အားပေးချစ်ခင်မှုကို ရနေတာလဲ အရမ်းကျေးဇူးတင်ပါတယ်။
SISTAR ရဲ့ BORA က မိန်းကလေးအဖွဲ.ရဲ့ အဖွဲ.၀င်ဖြစ်သလို အားကစားမှာ ထူးချွန်ပြီး ကျန်းမာရေးလိုက်စားတယ်။ အမြဲဖျတ်လက်တက်ကြွနေတယ်။ ညီမရဲ့ အားနည်းချက်ရော ရှိရဲ့လား။
တကယ်တမ်းက ညီမတစ်ယောက်တည်းမဟုတ်ဘူး။ SISTAR တစ်ဖွဲ.လုံးရဲ့ အားနည်းချက်က မိန်းကလေးဆန်ဆန် ချစ်စရာကောင်းအောင် မလုပ်တတ်ဘူး။ ညီမတို.တစ်ဖွဲ.လုံး ချစ်စရာကောင်းအောင်လုပ်ရမှာ တော်တော်ကသိကအောက်ဖြစ်ရတယ်။ Shady Girl ရိုက်တုန်းကဆို အကုန်လုံး တော်တော်ချစ်ဖို.ကောင်းအောင်ကြိုးစားသရုပ်ဆောင်ခဲ့ရတယ်။ ပရိတ်သတ်က အဲဒီသီချင်းကိုကြိုက်တယ်ဆိုတော့ ညီမတို.ကြိုးစားမှု အထမြောက်ခဲ့တယ်ပြောရမယ်။
ဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ညီမနဲ့ အလိုက်ဖက်ဆုံးသီချင်းရှိလား။
အင်း... Loving U က အလိုက်ဖက်ဆုံးဖြစ်မယ်ထင်တယ်။ အကရော သီချင်းစာသားရောက သွက်လက်ပြီး ပုံဖော်ရလွယ်တယ်။ Ma Boy ကလည်း ညီမကို SISTAR Bora ဆိုပြီး လူသိများစေခဲ့တဲ့သီချင်း တစ်ပုဒ်ပါဘဲ။
ညီမငယ်စဉ်က ဘယ်အဆိုတော်ကို ကြိုက်ခဲ့ဖူးလဲ။
HOT အဖွဲ.က Kangta ကို အကြိုက်ဆုံးပါ။ သူ.ရဲ့ အသံကို အရမ်းနှစ်သက်ခဲ့တာ။ ကံမကောင်းစွာဘဲ၊ အခုထိ သူနဲ့ တစ်ခါမှ မဆုံဖြစ်ခဲ့ဖူးသေးဘူး။
ညီမအနေနဲ့ အဆိုပြိုင်ပွဲတွေမှာ သူ.ကို တွေ.နိုင်ပါတယ်။
မဖြစ်နိုင်တာ... Hyorin မှ မဟုတ်တာ၊ ညီမက ဘယ်လိုလုပ်အဆိုပြိုင်ပွဲဝင်နိုင်မှာလဲ။ (မှတ်ချက်၊ အဆိုပြိုင်ပွဲသည် သီချင်းအဖွဲ.ရဲ့ အဓိက ပင်တိုင်အဆိုရှင်များအတွက်သာ ဖြစ်သည်။ Bora မှာ Rapper သတ်သတ်ဖြစ်သောကြောင့် အဆိုပြိုင်ပွဲ ၀င်နိုင်ရန် အခွင့်အရေးမရှိပါ။)
အရင်လက Hyorin ရဲ့ နဖူးက သူမအတွက် အဓိက အားနည်းချက်ဖြစ်ခဲ့တယ်လို. သူမပြောသွားတယ်။ အဲဒါကြောင့်လဲ သူမက နဖူးကိုဆံပင်တွေနဲ့ အမြဲဖုံးကွယ်ထားခဲ့ရတယ်။ ညီမအနေနဲ့ရော ဘာအားနည်းချက်ရှိလဲ။
ငယ်ငယ်ကတော အသားညိုတာကြောင့် တော်တော်အားငယ်ခဲ့ရတယ်။ ဒါပေမယ့် အခုကြီးလာတော့ အဲဒီအသားအရည်က ညီမအောင်မြင်မှုအတွက် အကူအညီတစ်ခုဖြစ်လာခဲ့တယ်။ ညီမခန္ဓာကိုယ်က အရာရာပြီးပြည့်စုံမနေပေမယ့်၊ ဘာမှလဲ ထူးထူးခြားခြားအားနည်းချက်ရှိမနေဘူးလို.လဲထင်တယ်။ ညီမအနေနဲ့ သိပ်ပြီး အဆိုးမမြင်တတ်တာကြောင့်လဲပါမယ်။ ညီမမှာ နဂိုရှိနေတာကိုဘဲ ကျေနပ်ပါတယ်။ အားနည်းချက် တခုခုမဖြစ်မနေရွေးရမယ်ဆိုရင်တော့ တင်ပါးနား ခါးအောက်ပိုင်းနေရာက နဲနဲတိုနေတယ်လို.ထင်တယ်။ တကယ်လို.သာ ခါးရိုးနည်းနည်းရှည်နေမယ်ဆိုရင် ညီမရဲ့ ဗိုက်သားနေရာ အခုထက် ပိုပြီး ထိန်းသိမ်းရလွယ်မယ်လို. ထင်ပါတယ်။
ဒီလိုဆိုရင် ခါးနေရာက တိုသွားတဲ့ကြောင့် ညီမရဲ့ ခြေထောက်တွေပိုပြီး ရှည်သွယ်လာတယ်လို. ပြောလို.ရမှာပေါ့။
အဲလောက်ထိ အချိုးမညီဖြစ်အောင်တော့လဲ ခါးရိုးကတိုမနေဘူး။ ဒါပေမယ့် နဲနဲတော့ ကိုယ့်ကိုယ်ကို သိသာနေတယ်။
ညီမရဲ့ ခြေထောက်တွေက အရမ်းလှတယ်လို. နာမည်ကြီးတယ်။ လူတွေက ညီမခြေထောက်တွေရဲ့ လှပမှု လျို.၀ှက်ချက်ကို သိချင်ကြတယ်။
ဟုတ်ကဲ့.. ညီမလဲ ကြားတယ်၊ တော်တော်များများက ညီမရဲ့ ခြေထောက်တွေ လှတယ်လို. ပြောကြတယ်။ အရင်ကတော့ ခြေထောက်တွေလှတာ ခြေကျင်းဝတ်အရမ်းသေးတာကြောင့်လို. တခါမှ သတိမပြုမိခဲ့ဘူး။ အခုတော့ ခြေကျင်းဝတ်သေးလွန်းတာကြောင့် ခြေထောက်အလှက ပိုပေါ်လွင်သွားတယ်။ ငယ်ငယ်က အကသင်တဲ့နေရာမှာ အဲဒီအချက်က တော်တော်အထောက်အကူပြုခဲ့တယ်။ လွယ်လွယ်ကူကူ အချိုးကျကျ ကနိုင်ခဲ့တယ်။ ခြေထောက်လှခြင်းအတွက် လျှို.၀ှက်ချက်ဆိုရင်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပါလို.ဘဲ ပြောရမှာဘဲ။
ဒီလောက် အလုပ်ရှုပ်နေတဲ့ကြားမှာ လေ့ကျင့်ခန်းလုပ်ဖို. အချိန်ရော ရှိရဲ့လား။
ဟုတ်ကဲ့.. ညီမအနေနဲ့ အချိန်စာရင်းတွေ အားတဲ့ ကြားအချိန် သို.မဟုတ် အလုပ် မစခင်၊ ပြီးချိန်တွေ မှာ ကြိုးစားပြီး လုပ်ဖြစ်တယ်။
အဲဒီအချိန်တွေမှာ အနားမယူဘူးလား။
အရမ်း အရမ်းကို အလုပ်ရှုပ်နေရင်တော့ မလုပ်ဖြစ်ပါဘူး။ ဒီနေ့ဆို မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အချိန်နဲနဲရပြီဆိုတာနဲ့ အားကစားကို မလုပ်မဖြစ်လုပ်ရတယ်။ နားနေလိုက်တာထက် လေ့ကျင့်ခန်းလုပ်နေတာက ညီမရဲ့ ခန္ဓာကိုယ်ကို ပိုပြီး ကျန်းမာစေပါတယ်။ စင်ပေါ်မှာ လှလှလေးပြုံးနေနိုင်ဖို.အတွက် ကျန်းမာနေဖို. လိုတယ်လေ။
ကိုယ်အလေးချိန် လျော့ချတာ လုပ်သေးလား။
ညီမက အရမ်းမပိန်ဘူး၊ အဲဒီလိုဘဲ အရမ်းလဲ ၀မနေဘူး။ လိုအပ်တဲ့ အလေးချိန်ထက် ပိုလာပြီဆိုရင်တော့ အစားအသောက် အနေအထိုင် ဆင်ခြင်လိုက်တယ်။ အရင်ကတော့ တစ်နေ့ကို အစားတစ်နပ်ဘဲစားတယ်၊ အဲဒါက ကျန်းမာရေးရှုထောင့်အနေနဲ့ ကောင်းမကောင်းတော့ မသိဘူး။ အခု ဆိုးလာတာက အဲဒီ တစ်နပ်တည်းစားတဲ့ အစားက အရင်ထက်ပိုများလာပြီ။
အဲဒီနည်းလမ်းက တကယ်ကိုယ်အလေးချိန်လျော့ချနိုင်လို.လား။
ညီမတစ်နပ်တည်းစားချိန်မှာတော့ ညနေ၅နာရီဝန်းကျင်လောက်မှာစားဖြစ်တယ်။ နေ့လည်စာကိုစားတယ်ဆိုရင် ညမိုးချုပ်ထိအလုပ်လုပ်ရတဲ့အတွက် အဆာပြေမုန်.အချို.ကို စားဖြစ်နေတယ်။ ညနေစာစားချိန်နားနီးမှစားတော့ ညမိုးချုပ်ချိန် စားချင်စိတ်ကို ထိန်းပြီးသားဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကို အလေးချိန်တတ်လာပြီလို. သတိထားမိမိခြင်း၊ အဲလို အစားအသောက် ဆင်ခြင်လိုက်တာနဲ့ ပုံမှန်အလေးချိန်ကို ပြန်ထိန်းပြီးသားဖြစ်သွားတယ်။
ညီမအသားအရည်အတွက် အထူးထိန်းသိမ်းမှုတွေ လုပ်ဖြစ်သေးလား။
ညိုတဲ့ အသားအရည်ရှိတာ အဲဒီနေရာမှာ ပိုကောင်းသွားတယ်။ တခါတလေမှာ အသားအရည်က ဖုန်တွေ ချွေးတွေကပ်နေပေမယ့် ညိုနေတာကြောင့် အလွယ်တကူမမြင်နိုင်ဘူး။ အသားအရည်ခြောက်သွေ.တာ၊ ပျက်စီးတာကို ဖုံးထားနိုင်တယ်။ ဒါကြောင့် အသားအရည်အထူးထိန်းသိမ်းမှုတော့ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် moisturizer ကိုတော့ အမြဲလိမ်းထားတတ်တယ်။ တံဆိပ်အနေနဲ့ကတော့ Benefit & Kiehl ကို အမြဲသုံးဖြစ်တယ်။ အသားအရည်သန်.စင်တဲ့အချိန်မှာတော့ အခြစ်အရှတွေမဖြစ်အောင် သေချာဂရုစိုက်တယ်။ Dior's Lip Balm ကိုလဲ နှုတ်ခမ်းအတွက် အမြဲသုံးဖြစ်တယ်။
ဘယ်သွားသွား အမြဲဆောင်သွားတတ်တဲ့ မိတ်ကပ်က။
Liz K ကထုတ်တဲ့ BB Cream။ ညီမရဲ့ အသားအရည်က အဲဒီတစ်မျိုးသုံးရုံနဲ့ အဆင်ပြေတယ်။ အများကြီး သုံးစရာမလိုဘူး။
Seoul Fashion Week မှာ Steve J & Yoni P တို.ရဲ့ ဖက်ရှင်ပြပွဲကို ညီမတတ်ရောက်ခဲ့တယ်နော်။ ညီမအနေနဲ့ ဖက်ရှင်ပိုင်းကိုရော စိတ်ဝင်စားလား။
ညီမအနေနဲ့ ဖက်ရှင်ကို လေ့လာနေဆဲပါ။ အရင်က အကျီအပွတွေနဲ့ ဘောင်းဘီတိုတွေကိုဘဲဝတ်ဖြစ်တယ်။ အခုနောက်ပိုင်းတော့ နဲနဲပိုပြီး ရင့်ကျက်တဲ့ ပုံစံကို ၀တ်ချင်နေတယ်။ ဥပမာ ကုတ်အကျီအပေါ့စားလေးတွေနဲ့ Skinny Jean တွဲဝတ်တာမျိုးပေါ့။ အဲဒီအ၀တ်အစားတွေက အရင်နဲ့ မတူညီတဲ့ ခံစားမှုကို ပေးတယ်။
ညီမအနေနဲ့ Automobile, Iron Supplement, Vitamins, Chicken, Coffee, Cosmetics, Game, Chocolate အစရှိတဲ့ ကြေငြာတွေ ရိုက်လို.ပြီးပြီနော်။ ဒါပေမယ့် ကုန်ပစ္စည်းတွေသာ ကွာသွားတယ်၊ ညီမရဲ့ ပုံစံကတော့ မပြောင်းလဲသလိုဘဲ။
ညီမအနေနဲ့ တခါတလေမှာ ပိုပြီး လူကြီးဆန်တဲ့ ပုံစံမျိုးကို ရိုက်ချင်ပါတယ်။ ဒါပေမယ့် ညီမတို.က မိန်းကလေးအဆိုအဖွဲ.ဆိုတော့ ပရိတ်သတ်အနေနဲ့ ပေါ့ပါးလွတ်လပ်ပြီး၊ ကျန်းမာပျော်ရွှင်နေတဲ့ပုံကို ပိုသဘောကျကြတယ်။ ဒါကလဲ SISTAR ရဲ့ image တစ်ခုဆိုတော့ ညီမတတို. ဒီပုံစံနဲ့ဘဲ ဆက်သွားနေကြတာပါ။
တကယ်လို.များ ပုံစံပြောင်းခွင့်ရရင်၊ စင်ပေါ်မှာ ဘယ်လိုပုံစံနဲ့ တင်ဆက်ချင်လဲ။
Sneaker Shoe စီးပြီး၊ အားအင်အပြည့်နဲ့ ကရတဲ့ Hip-hip ပုံစံမျိုးတင်ဆက်ချင်တယ်။ ဒါမှမဟုတ် ငြိမ်ငြိမ်လေးရပ်ပြီး၊ ခံစားချက်အပြည့်နဲ့ သီချင်းဆိုရတာမျိုးလုပ်ချင်တယ်။ ခံစားချက်အပြည့်နဲ့သီချင်းကို ဒေါက်မြင့်ဖိနပ်ဝတ်ပြီး လှုပ်လှုပ်ရှားရှား ကရတာ အရမ်းကို ခက်ပါတယ်။
ညီမအနေနဲ့ အဆိုလောကမှာ ရှိနေခဲ့တာ ၃နှစ်ပြည့်တော့မယ်၊ အသက်လဲ ၂၄နှစ်ထဲမှာဆိုတော့၊ ဘ၀ရဲ့ ရည်မှန်းချက်တခုခုများရှိသလား။
ညီမအဖြစ်ချင်ဆုံးက မိခင်ဘ၀ပါ။ အရမ်းကို အလုပ်တွေပင်ပန်းပြီး ရှုပ်နေခဲ့ပေမယ့်၊ တနေ့နေ့မှာတော့ လက်ထပ်ပြီး အောင်မြင်တဲ့ မိခင်ဘ၀ကို ရောက်ချင်ပါတယ်။
ဒါဆို ညီမရဲ့ စိတ်ကူးထဲက အမျိုသားရဲ့ ပုံစံက။
ညီမအမြဲနှစ်သက်ခဲ့ရတဲ့ အမျိုးသားကတော့ ရုပ်ရှင်သရုပ်ဆောင် Song Joong-Gi ပါ။ ဒါပေမယ့် တကယ့်လက်တွေ.ဘ၀မှာတော့ ညီမ အမျိုးသားက ကလေးတွေနဲ့ ပျော်ရွှင်စွာကစားတတ်တဲ့ ဖခင်တစ်ယောက်၊ ညီမ ပန်းကန်တွေဆေးနေချိန်၊ ခရီးထွက်နေချိန်မှာ အမြဲဘေးမှာ အဖော်အဖြစ်ရှိပေးနေတတ်တဲ့သူ ဖြစ်စေချင်ပါတယ်။ အဲလိုလူမျိုးနဲ့ တွေ.နိုင်ပါ့မလားဟင်။ (ရယ်လျက်)
Credit to: SISTAR's FanClub Star1 - U.S.A
Editor: Hwang Min-Yeong
Eng Translation: zradman
Myanmar Translation: Htwaylay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment