Wednesday, July 10, 2013

Hyorin ရဲ့ အချစ်တော်လေးများ




အချို.လူတွေက အိမ်မွေးတိရိစ္ဆာန်လေးတွေကို သူတို.ရဲ့ မိသားစုဝင်လေးတွေလို ပိုမိုတွယ်တာတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ချစ်စရာ အကောင်လေးတွေက ကျွန်တော်တို.ရဲ့ နဘေးမှာ မသိမသာနဲ့ အချိန်တွေကို ဖဲ့ယူပြီး၊ အချစ်တွေကို ဖြည်းဖြည်းချင်း ယူသွားကြလို.ပါဘဲ။



အခုလောလောဆယ် ကိုရီးယားရဲ့ Kpop Girl Group လောကမှာ Give It To Me Album နဲ့ အောင်မြင်မှုတွေရယူထားတဲ့ SISTAR အဖွဲ.မှ Leader Hyorin မှာ Silver Bengal နဲ့ Russian Blue ကြောင်လေး၂ကောင်ကို မွေးစားထားပါတယ်။ Russian Blue ကြောင်ကလေးကို အိမ်မွေးတိရိစ္ဆာန်ဆိုင်ဖွင့်ထားတဲ့ အသိတစ်ယောက်ဆီက အရင်ဆုံးရရှိခဲ့တာဖြစ်ပြီး၊ Silver Bengal ကြောင်လေးက နောက်မှ ရောက်လာတာပါတဲ့။

Hyorin က Silver Bangel ကြောင်ကလေးကို သား လို.ခေါ်ပြီး၊ Russian Blue လေးကို သမီး လို.ခေါ်ပါတယ်။ သားလေးကတော့ မေမေ့အချစ်တော်လေးဖြစ်ပြီး၊ Hyorin မရှိရင် မနေနိုင်သူလေးပါ။ သမီးလေးကတော့ သူမလိုအပ်တဲ့အချိန်မှ အနားကပ်ပြီး၊ ကျန်တဲ့အချိန်တွေဆို အနားမကပ်ပါဘူးတဲ့။ Hyorin အနေနဲ့ သူမရဲ့ အလုပ်မှ စိတ်ဖိစီးစရာတွေကို ဒီကြောင်လေး၂ကောင်နဲ့ စကားပြောခြင်းဖြင့် အားလုံးကို မေ့ပျောက်နိုင်တယ်တဲ့။ ကြောင်လေးတွေက သူမကို စကားပြန်မပြောပေမယ့်၊ သူမပြောတဲ့ စကားကို နားထောင်ကြသူတွေပါ။




တစ်နေကုန် အလုပ်ပင်ပန်းပြီး အိမ်ပြန်ရောက်ချိန်မှာ "သားလေးရေ နေကောင်းလား" "သမီးလေးရေ ပျင်းနေပြီလား" စသည်ဖြင့် အစပြုရင်း၊ သူမရဲ့ တနေ့တာတွေကို ကြောင်လေး၂ကောင်ဆီမှာ ရင်ဖွင့်တတ်ပါတယ်။ ထိုအခါမှာတော့ သားလေး Silver Bangel လေးက သူမပြောသမျှကို ငြိမ်သက်စွာ နားထောင်တတ်ပါတယ်တဲ့။

"သူတို.က ဘာမှမပြန်မပြောပေမယ့် သူတို.လှုပ်ရှားနေတဲ့ အမူအယာလေးတွေကို ကြည့်ပြီး၊ ကျွန်မက ပြုံးစေပါတယ်။ ခံစားရလာသမျှ စိတ်ညစ်မှုတွေကို သူတို.လေးတွေဆီမှာ ရင်ဖွင့်ရင်း ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ခင် အဲဒီစိတ်ညစ်စရာတွေက ပျောက်သွားပါတယ်။"

Hyorin က ငယ်ငယ်ကတည်းက အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ကြီးပြင်းလာတာဖြစ်ပြီး၊ သူမရဲ့ မိဘတွေက ခွေးလေးတစ်ကောင်ကို Hyorin မွေးပြီးပြီးချင်းကတည်းက အိမ်မှာ မွေးစားထားတာ၊ သူမအနေနဲ့ ထိုခွေးလေးနဲ့ တူတူကြီးပြင်းလာခဲ့တာပါတဲ့။ တခါတလေမှာ ထိုခွေးရဲ့ ခွေးအိမ်ထဲမှာတောင် အိပ်ပျော်နေတတ်ပါသတဲ့။

English Translate By: Sistar's Fanclub Star1 - USA
Myanmar Translate By: Htway Lay

Original Article: http://sports.donga.com/3/all/20130709/56371601/3

No comments:

Post a Comment