KBS2 TV ရဲ့ Full House အစီအစဉ် ရိုက်ကူးရေးမှာ ဟာသ သရုပ်ဆောင် Kim Ji Min က SISTAR 19 အဖွဲ.ခေါင်းဆောင် Hyorin မရှိတုန်း၊ အဆိုတော် Bora နဲ့ တူတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။
Kim Ji Min အနေနဲ့ သူမရဲ့ Me2Day Account မှာ " ဒီည ၈း၅၀၊ SISTAR29 အဖွဲ.သစ် Full House အစီအစဉ်မှာ လာမယ်" ဆိုတဲ့ ရီမောစရာ Status နှင့်အတူ သူမနဲ့ Bora ပခုံးပေါ်လက်တင်ဖက်ပြီး တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုတင်ထားပါတယ်။ ကိုရီးယားရဲ့ ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးအဖွဲ.ရဲ့ အဖွဲ.၀င်နဲ့ တူတူ ဓာတ်ပုံရိုက်ရတာကို သူမအနေနဲ့ ပျော်ရွှင်နေပုံရပြီး၊ သူမရဲ့ အသက်ကိုထပ်ပေါင်းထားတဲ့ Sub Unit အဖွဲ. နာမည်သစ် SISTAR29 ဆိုတာကလဲ မြင်ရသူတွေကို ရီမောစေခဲ့ပါတယ်။

