Showing posts with label HYORIN. Show all posts
Showing posts with label HYORIN. Show all posts

Wednesday, July 10, 2013

Hyorin ရဲ့ အချစ်တော်လေးများ




အချို.လူတွေက အိမ်မွေးတိရိစ္ဆာန်လေးတွေကို သူတို.ရဲ့ မိသားစုဝင်လေးတွေလို ပိုမိုတွယ်တာတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ချစ်စရာ အကောင်လေးတွေက ကျွန်တော်တို.ရဲ့ နဘေးမှာ မသိမသာနဲ့ အချိန်တွေကို ဖဲ့ယူပြီး၊ အချစ်တွေကို ဖြည်းဖြည်းချင်း ယူသွားကြလို.ပါဘဲ။

Friday, March 29, 2013

Soyou& Hyorin - Vogue Girl Interview 2013 April

VOGUE GIRL - APRIL 2013 INTERVIEW

SISTAR Soyou & Hyorin





အရင်တစ်ခါကတော့ Hyorin ကို Vogue Girl အစီအစဉ်မှာဘဲ "နတ်သမီးလေးပါလား" လို.မှတ်ချက်ချရလောက်အောင် သူမရဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ တွေ.ခဲ့ရတယ်။ ဒီတစ်ခါရော SISTAR အနေနဲ့ ဘာဝတ်စုံတွေ ၀တ်ဖြစ်ကြလဲ။

Hyorin: ဒီနေ့တော့ စုန်းမပုံစံ။ အနားမှာ တံမြက်စည်း တစ်လက်လောက်ရှိလို.ကတော့ ချက်ချင်း ထပျံလို.ရနေပြီ။ (ရယ်လျက်)

Soyou: အရင်တခါကတည်းက အ၀တ်အစားရွေးတာ ပြသနာနဲနဲရှိခဲ့ရတယ်။ အခုလဲ ဒီနေ့ စစချင်း အရမ်းကြိုက်လို. ရွေးမိတဲ့ ၀တ်စုံက၊ တကယ်ဝတ်ကြည့်တော့ အဆင်မပြေဘူးဖြစ်နေတယ်။ ၀တ်စုံက အရမ်းကိုလှလွန်းတယ်။

ညီမ၀တ်လို.ရဦးမယ်မထင်ဘူး။ ၀တ်စုံက အရမ်းကို လည်ပင်းဟိုက်ပြီး ရင်သားကိုပေါ်လွင်စေတယ်။ ရိုက်ကူးရေးအတွက် အဆင်မပြေနိုင်ဘူး။ (ရယ်လျက်)

Soyou: သိတယ်.. အဲဒါကြောင့်လဲ စိတ်ညစ်နေတာ.

Hyorin: အဲဒါမျိုးကို အိမ်မှာဘဲဝတ်.. ငါဆို bikini ၀တ်ချင်ပေမယ့် ဗိုက်ကအမာရွတ်ပေါ်မှာစိုးလို. အိမ်မှာဘဲဝတ်တယ်... (ရယ်လျက်) (မှတ်ချက်။ Hyorin က ငယ်ငယ်ကတည်းက ခွဲစိတ်မှု အကြီးအကျယ်လုပ်ခဲ့ပြီး အသက်ရှင်ခဲ့ရသူမို့ သူမခန္ခာကိုယ်မှာ အမာရွတ်တွေအများကြီးရှိပါတယ်)

ကျွန်တော်တို.ကြားတာ Hyorin အနေနဲ့ ဒီ Photoshoot ကိုဖျက်မယ်ထင်နေတာ.. တစ်ဘက်မှာ အသံလွှင့်ဖို. အစီအစဉ်၇ှိတယ်ဆို.....

Hyorin: ဟုတ်တယ်.. ဒါပေမယ့် ကံကောင်းစွာဘဲ အသံလွှင့်အစီအစဉ်က ရက်ပြောင်းသွားတယ်။ ညီမက ဒီ Photo Shoot ကိုအရမ်းရိုက်ချင်နေတာ.. အထူးသဖြင့် Soyou နဲ့တူတူမို.လို.ပါ။ SISTAR စပေါ်ကတည်းက ဓာတ်ပုံရိုက်တိုင်း ညီမက Bora နဲ့ Soyou က Dasom နဲ့ တွဲပြီးရိုက်နေကြလေ။ ဒါပေမယ့် အဖွဲ.သားတွေထဲမှာ ညီမနဲ့ ပေါင်းလို.သင်းလို. အဆင်ပြေဆုံးက Soyou ပါ။

Thursday, March 28, 2013

SOYU & HYORIN - VOGUE GIRLS

SISTAR SOYOU နဲ့ HYORIN တို.က VOGUE Magazine - April 2013 အတွက် စုန်းမလေးတွေပုံစံ အလှဓာတ်ပုံလေးတွေ ရိုက်ထားပါတယ်...
ခပ်ချောချော စုန်းမလေးတွေကို ခံစားကြည့်ကြပါဦး...း)

ဒီပုံတွေရဲ့ ထူးခြားချက်တစ်ခုက Hyorin နဖူးကို အရင်လို ဆံပင်တွေနဲ့ ကွယ်မထားတော့ဘူး...



Sunday, March 10, 2013

Hyorin Twitter sns


Hyorin : ပန်းချီဆရာ Hyorin ဟုခေါ်ပါရန်... ဘယ်သူ.ပုံဆွဲနေတယ်ဟု ထင်ပါသလဲ... ဟိဟိဟိ...

Saturday, March 9, 2013

Hyorin က သူမရဲ့ခနွာကိုယ်ကို နံပါတ်၅နေရာမှာရှိသည်ဟု ကြေငြာ


SISTAR19 အဖွဲ.မှ Hyorin က ကိုရီးယားအမျိုးသမီးအဖွဲ.တွေထဲမှာ သူမရဲ့ ခနွာကိုယ်က ထိပ်ဆုံး နံပါတ်၅မှာ ပါဝင်နေကြောင်း ယုံကြည်စွာ ပြောခဲ့ပါတယ်။

March လ  ၈ရက်နေ့က ပြုလုပ်ခဲ့တဲ့ Son Tae Young's W Show မှာ အထူးဧည့်သည်အနေနဲ့ SISTAR19 အဖွဲ.၀င် Bora နဲ့ Hyorin တို.က သူမတို.ရဲ့ သီချင်းသစ်ဖြစ်တဲ့ Gone Not Away Any Longer နဲ့ ပါဝင်တင်ဆက်ခဲ့ပါတယ်။

Sunday, March 3, 2013

130303 SISTAR HYORIN TWEET



[Hyolyn] SISTAR19 ရဲ့ GNAAL သီချင်း နောက်ဆုံးအပတ်အနေနဲ့ အစီအစဉ်ရိုက်ကူးရေး အစီအစဉ်မှာ... အားလုံးက ချစ်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်.. SISTAR အနေနဲ့ မကြာခင်ပြန်တွေ.ကြပါစို.၊ ပရိတ်သတ်တွေမှ အထူးလက်ဆောင်ပို.ပေးတဲ့ အအေးဗူးတွေအတွက်လဲကျေးဇူးပါလို. Hyorin မှ Twitter ကနေတဆင့် ပရိတ်သတ်ကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်..

Credit : @sistarsistar twitter



Friday, March 1, 2013

SISTAR HYORIN ရင်ခုန်တတ်တဲ့ စံပြအမျိုးသားပုံစံ


ဖေဖော်ဝါရီလ ၂၅ရက် နေ့ကထုတ်လွှင့်ပြသသွားတဲ့ Mnet's Beatles Code 2 အစီအစဉ်မှာ SISTAR ရဲ့ Rapper, Bora က သူမတို.အဖွဲ.ခေါင်းဆောင် Hyorin ရင်ခုန်တတ်တဲ့ အမျိုးသားပုံစံက ယောကျာ်းပီသပြီး ကြွက်သားတွေနဲ့ သန်မာတဲ့ ဗလမောင်မျိုးလို. ပြောခဲ့ပါတယ်...

ထိုအကြောင်းကို ကြားတော့ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ MC Jang Dong Min က သူ့ရဲ့ ပါးရိုးပေါ်မှာ ကြွက်သားတွေအပြည့်ရှိကြောင်း စနောက်ပြောခဲ့ပါတယ်...

ကဲ... Hyorin ချစ်သူတွေရော  ခင်ဗျားတို.ရဲ့ ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းလုပ်ဖို. စတင်စဉ်းစားနေကြပြီလားဗျ.....

Credit : Allkpop