Showing posts with label INTERVIEW. Show all posts
Showing posts with label INTERVIEW. Show all posts

Tuesday, June 18, 2013

Interview with Director Joo Heul Seon (Give It To Me)

Director Joo Heul Seon Filmography



SISTAR - "Alone" "Loving U" "Gone Not Around Any Longer" "Give It To Me"
KARA - "Step" "Pandora"
MBLAQ - "Mona Lisa"
After School - "Bang"
Rainbow - "Sun Shine"
Son Dambi - "Crazy" "Saturday Night"
B1A4 - "Ok"
Teen Top - "Going Crazy" "To You"
DJ DOC - "I'm this kind of person"
and more....

Q:  SISTAR ရဲ့ Give It To Me ကိုနားထောင်ပြီးတဲ့ အခါမှာ ဘယ်လိုခံစားမှုမျိုးနဲ့ ခံစားမိလဲ။
A: အရမ်းကောင်းတဲ့ အသံရှင် အမျိုးသမီးတွေ၊ တကယ့်ကို ထိပ်တန်းဘဲ။ ကျွန်တော့်အနေနဲ့ SISTAR ကို အကုန်လုံးရောချပြီး မပြဘဲ သူတို.တွေရဲ့ တစ်ဦးချင်းစီ အားသာချက်တွေကို ဖော်ပြပြီး ရိုက်ကူးထားခဲ့တာ။ တကယ့် တစ်ယောက်ချင်းစီရဲ့ အရည်အချင်း အစစ်အမှန်တွေ။

Friday, May 10, 2013

130418 SISTAR Bora - Allure Korea Interview (Myanmar Translate)





နေ့လည်တစ်နာရီအတိမှာ ချိန်းထားတဲ့အချိန်အတိုင်း ကွက်တိရောက်လာခဲ့တဲ့ Sistar အဖွဲရဲ့ Rapper, Yoon Bora ဖြစ်ပါတယ်..
 "Hello" ဆိုပြီး နှုတ်ဆက်တဲ့ သူမရဲ့ အပြုံးက ပင်ပန်းနေကြတဲ့ ကျွန်တော်တို. စက်အဖွဲ.သားတွေအတွက်တော့ အားဆေးလေး တစ်ခွက်လိုပါဘဲ။
Bora ရဲ့ Simpson ကာတွန်းရုပ်နဲ့ တီရှပ်အကျီအပွကြီးကို ဂျင်းဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာကလဲ စင်ပေါ်မှာ ၀တ်နေကြအ၀တ်အစားတွေနဲ့ အကွာကြီးကွာနေပေမယ့် နဂိုလှတဲ့သူဆိုတော့ ကြည့်ကောင်းနေပြန်ရော။ သူမကိုကြည့်ရတာ သူမရဲ့ နဂိုအသက် ၂၄နှစ်ထက်တောင် ပိုငယ်နေသလိုပါဘဲ။

မိတ်ကပ်ဆရာနဲ့ ခြယ်သမှုတွေအပြီးမှာတော့ သူမရဲ့ နာမည်နဲ့လိုက်ဖက်စွာ ခရမ်းရောင် နှုတ်ခမ်း၊ ခရမ်းရောင် မျက်ဝန်း၊ ခရမ်းရောင် ဆံပင်၊ ခရမ်းရောင် အ၀တ်အစားတွေနဲ့ ဆွဲဆောင်မှုရှိစွာ လှနေတဲ့ Bora ကိုတွေ.ကြရပါတယ်။ (မှတ်ချက်။ Bora ရဲ့ အဓိပ္ပာယ်က ခရမ်းရောင်ပါ။) သူမကတော့ ထိုအ၀တ်အစားတွေနဲ့ နေရထိုင်ရခက်ခဲနေပုံရပါတယ်။ ဒါပေမယ့် သူမရဲ့ အမှတ်အသားဖြစ်တဲ့ ချိုသောအပြုံးလေးကိုတော့ ဆင်မြန်းထားဆဲပါ။

Friday, March 29, 2013

Soyou& Hyorin - Vogue Girl Interview 2013 April

VOGUE GIRL - APRIL 2013 INTERVIEW

SISTAR Soyou & Hyorin





အရင်တစ်ခါကတော့ Hyorin ကို Vogue Girl အစီအစဉ်မှာဘဲ "နတ်သမီးလေးပါလား" လို.မှတ်ချက်ချရလောက်အောင် သူမရဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ တွေ.ခဲ့ရတယ်။ ဒီတစ်ခါရော SISTAR အနေနဲ့ ဘာဝတ်စုံတွေ ၀တ်ဖြစ်ကြလဲ။

Hyorin: ဒီနေ့တော့ စုန်းမပုံစံ။ အနားမှာ တံမြက်စည်း တစ်လက်လောက်ရှိလို.ကတော့ ချက်ချင်း ထပျံလို.ရနေပြီ။ (ရယ်လျက်)

Soyou: အရင်တခါကတည်းက အ၀တ်အစားရွေးတာ ပြသနာနဲနဲရှိခဲ့ရတယ်။ အခုလဲ ဒီနေ့ စစချင်း အရမ်းကြိုက်လို. ရွေးမိတဲ့ ၀တ်စုံက၊ တကယ်ဝတ်ကြည့်တော့ အဆင်မပြေဘူးဖြစ်နေတယ်။ ၀တ်စုံက အရမ်းကိုလှလွန်းတယ်။

ညီမ၀တ်လို.ရဦးမယ်မထင်ဘူး။ ၀တ်စုံက အရမ်းကို လည်ပင်းဟိုက်ပြီး ရင်သားကိုပေါ်လွင်စေတယ်။ ရိုက်ကူးရေးအတွက် အဆင်မပြေနိုင်ဘူး။ (ရယ်လျက်)

Soyou: သိတယ်.. အဲဒါကြောင့်လဲ စိတ်ညစ်နေတာ.

Hyorin: အဲဒါမျိုးကို အိမ်မှာဘဲဝတ်.. ငါဆို bikini ၀တ်ချင်ပေမယ့် ဗိုက်ကအမာရွတ်ပေါ်မှာစိုးလို. အိမ်မှာဘဲဝတ်တယ်... (ရယ်လျက်) (မှတ်ချက်။ Hyorin က ငယ်ငယ်ကတည်းက ခွဲစိတ်မှု အကြီးအကျယ်လုပ်ခဲ့ပြီး အသက်ရှင်ခဲ့ရသူမို့ သူမခန္ခာကိုယ်မှာ အမာရွတ်တွေအများကြီးရှိပါတယ်)

ကျွန်တော်တို.ကြားတာ Hyorin အနေနဲ့ ဒီ Photoshoot ကိုဖျက်မယ်ထင်နေတာ.. တစ်ဘက်မှာ အသံလွှင့်ဖို. အစီအစဉ်၇ှိတယ်ဆို.....

Hyorin: ဟုတ်တယ်.. ဒါပေမယ့် ကံကောင်းစွာဘဲ အသံလွှင့်အစီအစဉ်က ရက်ပြောင်းသွားတယ်။ ညီမက ဒီ Photo Shoot ကိုအရမ်းရိုက်ချင်နေတာ.. အထူးသဖြင့် Soyou နဲ့တူတူမို.လို.ပါ။ SISTAR စပေါ်ကတည်းက ဓာတ်ပုံရိုက်တိုင်း ညီမက Bora နဲ့ Soyou က Dasom နဲ့ တွဲပြီးရိုက်နေကြလေ။ ဒါပေမယ့် အဖွဲ.သားတွေထဲမှာ ညီမနဲ့ ပေါင်းလို.သင်းလို. အဆင်ပြေဆုံးက Soyou ပါ။

Thursday, March 7, 2013

10 Asia Interview with SISTAR 19 - Full Interview (Myanmar Translation)

SISTAR19 ~~ စင်ပေါ်တစ်ခါတတ်ဖူးပြီးရင် ပြန်ဆင်းဖို.ဆိုတာ ခက်ခဲတယ်~~


Written By : Hwang Hyo-Jin
English Translate : xradman
Myanmar Translate : Htwaylay

ကိုရီးယားဈေးကွက်မှာ Idol အဆိုတော်တွေဟာ ပေါ်လိုက် ပျောက်လိုက် ရှိနေချိန်၊ SISTAR ကတော့ ယခုအချိန်ထိ ခိုင်မာတဲ့ နေရာတစ်ခုကို ရရှိထားတယ်ဆိုတာ သေချာပါတယ်။ June 2010 ခုနှစ်မှာ SISTAR အဖွဲ.ကို စတင်တည်ထောင်ပြီးကတည်းက သူမတို.ပန်းတိုင်ကို သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်နဲ့ အမြင့်နေရာကို တစ်လှမ်းချင်း ပုံမှန်လှမ်းတတ်လာသူတွေပေါ့။

2013 ခုနှစ် January လမှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ Main Vocal - Hyorin နဲ့ Rapper - Bora တို.ပါဝင်တဲ့ Sub-Unit အဖွဲ.ဖြစ်တဲ့ SISTAR19 ရဲ့ GONE NOT AWAY ANY LONGER ဆိုတဲ့ သီချင်းက Korea Music Chart နဲ့ Music Program တော်တော်များများရဲ့ ထိပ်ဆုံးနေရမှာ ၄ပတ်တိတိ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခဲ့တယ်။