Thursday, March 7, 2013

10 Asia Interview with SISTAR 19 - Full Interview (Myanmar Translation)

SISTAR19 ~~ စင်ပေါ်တစ်ခါတတ်ဖူးပြီးရင် ပြန်ဆင်းဖို.ဆိုတာ ခက်ခဲတယ်~~


Written By : Hwang Hyo-Jin
English Translate : xradman
Myanmar Translate : Htwaylay

ကိုရီးယားဈေးကွက်မှာ Idol အဆိုတော်တွေဟာ ပေါ်လိုက် ပျောက်လိုက် ရှိနေချိန်၊ SISTAR ကတော့ ယခုအချိန်ထိ ခိုင်မာတဲ့ နေရာတစ်ခုကို ရရှိထားတယ်ဆိုတာ သေချာပါတယ်။ June 2010 ခုနှစ်မှာ SISTAR အဖွဲ.ကို စတင်တည်ထောင်ပြီးကတည်းက သူမတို.ပန်းတိုင်ကို သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်နဲ့ အမြင့်နေရာကို တစ်လှမ်းချင်း ပုံမှန်လှမ်းတတ်လာသူတွေပေါ့။

2013 ခုနှစ် January လမှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ Main Vocal - Hyorin နဲ့ Rapper - Bora တို.ပါဝင်တဲ့ Sub-Unit အဖွဲ.ဖြစ်တဲ့ SISTAR19 ရဲ့ GONE NOT AWAY ANY LONGER ဆိုတဲ့ သီချင်းက Korea Music Chart နဲ့ Music Program တော်တော်များများရဲ့ ထိပ်ဆုံးနေရမှာ ၄ပတ်တိတိ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခဲ့တယ်။

ဒါကိုသေချာကြည့်မယ်ဆိုရင်တော့ "သီချင်းကဘဲ ကောင်းလွန်းလို." သို.မဟုတ် "ပရိသတ်ရဲ့ သီချင်းအပေါ် လက်ခံနိုင်မှုက အားကောင်းလွန်းလို." ဆိုတဲ့ ခပ်ရှင်းရှင်း အဖြေ၂ခုဘဲထွက်ပါတယ်။

အမှန်တော့ ဒီသီချင်းကို သီဆိုတဲ့ အဆိုတော်၂ယောက်ရဲ့ မမောပန်းနိုင်စွာ ကြိုးစားခဲ့မှုရဲ့ ရလဒ်တွေဖြစ်ပါတယ်..

ဒီနေ့တော့ ကျွန်တော် SISTAR19 နဲ့တွေ.ခဲ့ပြီး တွေ.ဆုံမေးမြန်းခန်း ခပ်သေးသေးတစ်ခု စတင်နို်င်ခဲ့ပါတယ်..

အစီအစဉ်တွေ တခုပြီးတခုဆက်နေတာတောင် မမောပန်းနိုင်ဘဲ ချစ်စရာအပြုံးကို အမြဲဆင်မြန်းထားနိုင်တဲ့ မိန်းမငယ်၂ဦးနဲ့ တွေ.ဆုံချိန်က မိနစ်၃၀ထက်မပိုခဲ့ပေမယ့် သူမတို.ဘာကြောင့် ယခုလိုအောင်မြင်နေလဲဆိုတာ ဒီအချိန်တိုလေးကနေ အဖြေသိခဲ့ရပါတယ်~~

"Gone Not Away Any Longer" ရဲ့  ရောင်းအားမြှင့်တင်ရေး(Promotion) အချိန်ကာလကတော့ ပြီးဆုံးသွားခဲ့ပြီ၊ ဒီအချိန်အတွင်း ညီမတို.အနေနဲ့ စိတ်ကျေနပ်မှုရှိခဲ့ရဲ့လား?

Hyorin: အမှန်တော့ အခုချိန်မှာ ပြန်စဉ်းစားမိသလောက်ကတော့ ညီမတို.အနေနဲ့ အခုတင်ဆက်ပြသသွားတာထက် စင်ပေါ်မှာ နဲနဲလေးပိုလုပ်နိုင်ခဲ့ရင် ပိုကောင်းမယ်လို. ထင်မိပါတယ်။ အထူးသဖြင့် ဒီသီချင်းကို Live ပုံစံမျိုးနဲ့ ဆိုရရင်ပိုကောင်းမယ်လို.ထင်ပါတယ်။ ဘာလို.လဲဆိုတော့ ဒီသီချင်းက ကြေကွဲစရာကောင်းတဲ့ အသဲကွဲသီချင်းလေးမို.လို.ပါ။ လှုပ်ရှားမှုကကွက်တွေမပါဘဲ စတူဒီယိုမှာ အသံသွင်းခဲ့ရသလို ငြိမ်ငြိမ်လေးဆိုခွင့်ရရင် ပိုပြီးသီချင်းကို အသက်ဝင်အောင်ဆိုနိုင်မယ်လို. ထင်ပါတယ်။ အရင်က သီဆိုခဲ့တဲ့ Sub-Unit ရဲ့ Ma Boy သီချင်းပြီးကတည်းက နောက်ထပ် ဒီလိုအဖွဲ.ကို ထပ်ခွဲပြီး Album အသစ်အနေနဲ့သီဆိုရမယ်လို. မထင်ထားခဲ့တာပါ။ အခုလို ရုတ်တရတ်စီစဉ်လိုက်တော့ လိုအပ်တာတွေ သေချာမပြင်ဆင်နိုင်ခဲ့ဘူး။

Bora: Agency အနေနဲ့ အခုလို Sub-Unit Album အသစ်ထွက်ဖို.ကို အစကတည်းက စီစဉ်နေခဲ့တာပါ။ ဒါပေမယ့် ညီမတို.အနေနဲ့ တော်တော်လေးနောက်ကျပြီးမှ သိခဲ့ရတာ။ (ရီလျက်)
ညီမတို.သိလိုက်ရတဲ့အချိန်မှာ Promotion အတွက်အချိန်က သိပ်မကျန်တော့ဘူး။ တကယ်လို. အချိန်သာပိုရခဲ့မယ်ဆိုရင်တော့ ပိုကောင်းအောင် ပြင်ဆင်ဖို. အချိန်ရမှာပေါ့။ ညီမတို.အနေနဲ့ ပိုမိုကောင်းမွန်ပြီး ထူးခြားဆန်းသစ်တဲ့ စီစဉ်တင်ဆက်မှုတွေကို ဖျော်ဖြေချင်ပါတယ်။ အခုတော့ နည်းနည်းစိတ်တိုင်းမကျစရာလေးတွေ ဖြစ်ခဲ့ရတယ်။

ညီမတို.အနေနဲ့ ဆိုလိုချင်တာက Music Chart မှာ နံပါတ်-၁ နေရာရနေခဲ့တာကို အကောင်းဆုံးလို.မထင်ခဲ့ဖူးလား?

Hyorin: အဲလို နံပါတ်၁နေရာရခဲ့တာ အရမ်းအံ့သြဖို.ကောင်းတယ်လို. ပြောစရာကလွဲရင် ကျန်တာ ညီမ မသိဘူး။ ညီမတို. ကြိုးစားဖို. အများကြီးလိုပါသေးတယ်။ (ရယ်လျက်)

Bora: သီချင်းက Music Chart တွေရဲ့ ပထမနေရာမှာရောက်နေခဲ့တာ ညီမတို. တကယ်မသိခဲ့ပါဘူး။ အဲဒီအချိန်မှာ စင်ပေါ်မှာ တင်ဆက်ဖို.အတွက်လိုအပ်တာတွေ လေကျင့်နေရတာနဲ့ Albumရဲ့ အခြေအနေကို မကြည့်နိုင်လောက်အောင် အလုပ်ရှုပ်နေခဲ့ကြတာပါ။ သူများတွေလာပြောမှ ညီမတို.ရဲ့ သီချင်းနံပါတ်-၁နေရာရောက်နေခဲ့တယ်ဆိုမှ တကယ်လားဆိုပြီး အံ့သြနေခဲ့ရတာ။ (ရယ်လျက်)
တကယ်ပြန်တွေးကြည့်မယ်ဆိုရင်တော့ အားလုံးအကြိုက်တွေ.ရလောက်အောင် သီချင်းက အရမ်းကောင်းပါတယ်။ စိတ်ခံစားမှုကို ပေါ်လွင်စေတဲ့ တီးလုံးသံတွေက လူတွေရဲ့ ရင်ကိုတကယ်ထိစေတယ်။

သာမန်ကကွက်တွေနဲ့မတူဘဲ ခနွာကိုယ်ကို လှုပ်ရှားပြီး စိတ်ခံစားမှုကို ထင်ပေါ်စေခဲ့တဲ့ ကကွက်တွေနဲ့ ဖျော်ဖြေတင်ဆက်မှုကရော၊ Dancer တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

Hyorin: ကကွက်တွေက ကောင်းပါတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်အမြင့်ကိုစီးထားရတော့ တချို.နေရာတွေမှာ စိတ်ခံစားမှုကိုသေချာမထည့်နိုင်ဘူးဖြစ်ပြီး၊ အချို.အပိုင်းတွေ ဟာကွက်ဖြစ်နေတယ်လို. ခံစားရတယ်။

Bora: ၀မ်းနည်းစရာ အသဲကွဲသီချင်းဖြစ်တဲ့အလျောက်၊ ညီမတို.အနေနဲ့ ကကွက်တိုင်းမှာ စိတ်ခံစားမှုကို ထည့်ပြီး ကရတယ်။ Mirror Concept ဆိုတဲ့အတိုင်း ကနေတဲ့သူ နှစ်ယောက်ပေမယ့် တကယ်မှာ တစ်ယောက်တည်းကတာ။ အခြားတစ်ယောက်က ပထမတစ်ယောက်ရဲ့ အရိပ်သတ်သတ်ဘဲ။ ကကွက်တွေက အထီးကျန်ပြီး၊ ချစ်သူပစ်ခံထားရတဲ့ သူတစ်ယောက်မျိုးဆန်တယ်။ ဒါကလည်း ဒီကကွက်တွေကို တီထွင်တဲ့အဖွဲ.ရဲ့ စိတ်ကူးတွေပါ။ နောက်ခံကတဲ့သူတွေအနေနဲ့လဲ သီချင်းရဲ့ အဓိကအပိုဒ်မှာ ပါဝင်တင်ဆက်ပြီး၊ အထီးကျန်နေတဲ့နှလုံးသားကို လက်လှမ်းယူတဲ့ပုံစံမျိုးနဲ့ ပိုပြီးအသဲကွဲ ၀မ်းနည်းချင်စရာကောင်းတဲ့ တင်ဆက်မှုကို ဖန်တီးထားတာပါ။

ဝမ်းနည်းစရာခံစားမှုမျိုးကို သရုပ်ပါအောင်တင်ပြနိုင်တယ်ဆိုတော့၊ အထီးကျန်ခဲ့ဖူးတဲ့ စိတ်ခံစားမှုမျိုး ရှိနေလို.လား။

Hyorin: အမှန်တော့ Music Video အတွက် အခန်းတွေအများကြီးရိုက်ထားတာကို တည်းဖြတ်သူတွေ ဖြတ်ထုတ်လိုက်တာတွေ အများကြီးဘဲ။ ခံစားလို.ရသမျှ ၀မ်းနည်းစရာခံစားချက်တွေကို ရင်ထဲထည့်ပြီး တတ်နိုင်သလောက်သရုပ်ဆောင်ခဲ့တာပါ။ သီချင်းစာသားထဲက "ငါအရမ်းဝမ်းနည်းတဲ့အချိန် သူ.ရဲ့ပခုံးပေါ် မှေးစက်ခွင့်မရှိတော့ဘူး" ဆိုတဲ့အပိုဒ်က ညီမအနေနဲ့ အရမ်းကို ခံစားဝမ်းနည်းခဲ့ရတယ်။ ခုလောလောဆယ်မှာတော့ ညီမတို.အနေနဲ့ ချစ်သူမရှိကြတော့ ကိုယ့်ကိုယ်ပိုင်ခံစားချက်တွေနဲ့ဘဲ သရုပ်ဆောင်ခဲ့ကြတာပါ။ အလုပ်ချိန်တွေက ဆက်တိုက်နားချိန်မရှိတော့ ချစ်သူထားဖို.အတွက် အချိန်မပေးနိုင်ကြဘူးဖြစ်နေတယ်။ (ရီလျက်)

Bora: "သူ.ရဲ့ပခုံးပေါ် မှေးစက်ခွင့်မရှိတော့ဘူး" ဆိုတဲ့စာသားက တကယ်ကို ၀မ်းနည်းစရာကောင်းပါတယ်။ (ရီလျက်) ဒီလိုဘဲ ဗိုက်ဆာနေတဲ့အချိန် စားစရာမရှိရင်လဲ ၀မ်းနည်းရတာဘဲ...

အရင် Ma Boy သီချင်းမှာတုန်းက ထိုင်ခုံတွေကို ကကွက်အနေနဲ့အသုံးပြုခဲ့ပြီး၊ အခုသီချင်းမှာတော့ စားပွဲခုံကို အသုံးပြုခဲ့တယ်နော်။ ထူးခြားချက်က..

Bora: Ma Boy မှာ သုံးခဲ့တဲ့ ထိုင်ခုံက ထိုင်ရုံအတွက်အဓိက သုံးခဲ့တာ။ ထိုင်ခုံပေါ်မှာတော့ ကခဲ့တယ်၊ ဒါပေမယ့် အဲဒါက ကကွက်တွေရဲ့ အဓိကအပိုင်းမဟုတ်ဘူး။ ဒီတစ်ခါသုံးခဲ့တဲ့ စားပွဲခုံကတော့ ကကွက်ရဲ့ မပါမဖြစ် အဓိကပိုင်းအနေနဲ့ ၀မ်းနည်းစရာ စိတ်ခံစားမှုကို ဖော်ပြဖို.အတွက် သုံးခဲ့တာ။

Hyorin: အဓိက ခြားနားချက်ကတော့ စားပွဲက အရမ်းလေးတယ်။ မန်နေဂျာတွေအနေနဲ့ တော်တော်ဒုက္ခရောက်ခဲ့ကြပါတယ်။ ယောကျာ်း၂ယောက်မတာတောင် စားပွဲခုံက လေးနေတုန်းဘဲ။ ကီလို၅၀လောက်တော့ ရှိမယ်ထင်တယ်။ ဥပမာအနေနဲ့ ညီမတို.ထဲက တစ်ယောက်ကို ပွေ.ချီရတာနဲ့ အလေးချိန် တူတူလောက်ဘဲ။ (ရီလျက်) တကယ်လို.များ နောက်တစ်ခါ SISTAR19 သီချင်းအသစ်ထပ်ထွက်ခဲ့ရင် ဘာပစ္စည်းအကူမှမသုံးဘဲ တင်ဆက်ဖို. စိတ်ကူးထားပါတယ်။

Bora: စင်ပေါ်မှာ ဖျော်ဖြေရတဲ့အပိုင်းကလဲ တကယ်ကို အန္တရာယ်များပါတယ်။ ဥပမာ - စားပွဲခုံပေါ်မှာ ကနေရင်းနဲ့ ချော်ကျတာမျိုးဖြစ်နိုင်တယ်လေ။ Shinee အဖွဲ.ရဲ့ Mic Stand တွေနဲ့ ကကွက်ကိုတွေ.ရတဲ့အခါမှာလဲ တကယ်ကို ခက်ခဲမယ့်ကကွက်ဆိုတာ သိသာစေပါတယ်။ တကယ်လို.များ အမှားလုပ်မိရင်၊ တော်တော်ကို အန္တရာယ်ကြီးမားတဲ့ ကိစ္စဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက်တစ်ခါကျရင် ဘာအကူပစ္စည်းမှမသုံးဘဲ ကကွက်စီစဉ်ဖို. စဉ်းစားထားပါတယ်။

တခြားပုံစံမတူတဲ့ သီချင်းအမျိုးအစားတွေကိုရော SISTAR အနေနဲ့ ဖန်တီးဖို. အစီအစဉ်ရှိလား။

Hyorin: ညီမအနေနဲ့ Hip-Hop Style သီချင်းမျိုး ဆိုချင်ပါတယ်။ အမြဲတမ်းလိုလို ခနွာကိုယ်ကောက်ကြောင်း ပေါ်လွင်စေမယ့် အ၀တ်အစားခပ်ကျပ်ကျပ်တွေနဲ့ အရမ်းမြင့်တဲ့ ဒေါက်ဖိနပ်တွေကို စီးနေရတာ စိတ်ကုန်နေပြီ။ ဒါမှမဟုတ် Simple Ballad Style သီချင်းအေးအေးကို ကကွက်မပါဘဲ ဆိုရတာမျိုးလဲ လုပ်ချင်တယ်။

Bora: ညီမလဲ အတွေးတူတူပါဘဲ။ ရိုးရိုး Sneaker ဖိနပ်ကိုစီးပြီး၊ အားပါတဲ့ ကကွက်တွေနဲ့ ဖျော်ဖြေတင်ဆက်ချင်တယ်။ အစ်ကိုသိတဲ့အတိုင်းဘဲ ညီမတို.ရဲ့ သီချင်း Album တွေမှာ အဲလိုသီချင်းတွေမပါသေးဘူး။ စင်ပေါ်မှာ Ballad သီချင်းကို အငြိမ်ဆိုပြီး အသံကို အဓိကပြရတဲ့ တင်ဆက်မှုကိုလဲ လုပ်ချင်ပါတယ်။

Bora က Rap Team ရဲ့ အဓိကဆိုတော့ ကိုယ်တိုင်ရေးတဲ့ Rap သီချင်းစာသားတွေကိုရော သီဆိုဖို.အစီအစဉ်ရှိလား။

Bora: ညီမအနေနဲ့ တကယ်သေသေချာချာ သီချင်းရေးနည်းကို မလေ့လာရသေးဘူး။ အခုလောလောဆယ်ရေးထားတာတွေက ဒိုင်ယာရီအကြမ်းသဘောမျိုးလောက်ဘဲ ရေးဖြစ်တယ်။ တကယ်လို. အခွင့်အရေးရှိမယ်ဆိုရင်တော့ သေချာရေးပြီး ဆိုချင်ပါတယ်။ Hyorin ဆို ညီမရေးတဲ့ Rap စာသားတွေကို မဖတ်ဖူးသေးဘူး။ ညီမကိုယ်တိုင်ကလဲ သီချင်းပိုင်းနဲ့ပတ်သက်ရင် ကိုယ်ပိုင်အရည်အချင်း သိပ်မရှိဘူး။ ဒီတော့ သီချင်းတွေ ရေးဖြစ်လဲ အားလုံးက မကောင်းဘူးဝိုင်းအော်ကြတာနဲ့ အမှိုက်ပုံးထဲ တန်းရောက်သွားတာ။ (ရီလျက်)

ညီမတို.အနေနဲ့ SISTAR အဖွဲ.စတင်တဲ့အချိန်ကတည်းက အခုထိ အလုပ်တွေ အချိန်ဇယားတွေအပြည့်ဖြစ်နေခဲ့တာဆိုတော့ တခြားအရာတွေအပေါ် ဘယ်လိုအချိန်ပေးကြလဲ။

Bora: အမှန်တော့ အလုပ်တွေရှုပ်နေတယ်ဆိုတာ ညီမတို.အတွက် တကယ်ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ဒီလိုလုပ်ခွင့်ရနေတာကိုက ညီမတို.အောင်မြင်မှုအတွက် အခြေအနေကောင်းတစ်ခုပေါ့။ ဒါပေမယ့်လဲ လူတစ်ယောက်အနေနဲ့ တခါတရံမှာတော့ နားချိန်လိုချင်မိတယ်။ ဒီနှစ်အစပိုင်း နှစ်သစ်ကူးမတိုင်ခင်မှာ ညီမနေမကောင်းဖြစ်လို်က်သေးတယ်။ SISTAR19 သီချင်းမထွက်ခင် အချိန်လေးပေါ့။ တုပ်ကွေးမိပြီး ဖျားတာ။ (ရီလျက်) အဲဒါက ညီမအတွက် ပထမဆုံးအကြိမ် တော်တော်ကြီးဖျားခဲ့တာ။ ကံကောင်းစွာဘဲ Album ရောင်းအားမြှင့်တင်နေတဲ့အချိန် မတိုင်ခင်လေး အဖျားပျောက်ခဲ့လို.၊ စင်ပေါ်မှာ ကပြမှုတွေ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူး။

Hyorin: ပုံမှန်ဆို ပတ်ဝန်းကျင်ကလူတွေက ညီမတို. နေမကောင်းတာဘာညာဆို ဂရုမစိုက်ကြဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ သူတို. သတိပြုမိကြတယ်။ (ရီလျက်) ညီမကတော့ Bora လောက် နေမကောင်းမဖြစ်ခဲ့ပါဘူး။ ပုံမှန်ဖြစ်နေကျ အစာအိမ်အောင့်တာလောက်ဘဲဖြစ်ခဲ့တယ်။

Bora: (ရီလျက်) Hyorin ကအမြဲအဲလိုဘဲ.. "Bora ငါဗိုက်အောင့်တယ် " ပြောပြီး၊ ခဏနေတော့ သူကကောင်းနေပြန်ရော။

အဲဒီလို နေမကောင်းတဲ့ အချိန်တွေ၊ အလုပ်ကို စိတ်မပါလောက်အောင် ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်မျိုးကို ဘယ်လိုဖြတ်ကျော်ကြလဲ။

Hyorin: ညီမအတွက် အမြဲထောက်ခံအားပေးတဲ့သူတွေကို စဉ်းစားလိုက်တယ်။ ညီမရဲ့ လုပ်ရပ်တစ်ခုကြောင့် ညီမကိုချစ်တဲ့သူတွေ အရှက်ရတာမျိုးမဖြစ်စေချင်ဘူး။ ဒီတော့ ခက်ခဲတဲ့အချိန်တွေမှာလဲ အလုပ်ကို သေချာဆက်လုပ်တယ်။ Hyorin ရဲ့သူငယ်ချင်း၊ Hyorin ကိုချစ်တဲ့သူတွေအနေနဲ့ စိတ်ကျေနပ်မှုရစေချင်တယ်။

Bora: ညီမအတွက်ကတော့ အဲဒီအချိန်မှာ အခြားအရာတွေကို ပိုပူပန်နေရတယ်။ ကိုယ်နေမကောင်းတာထက် စင်ပေါ်မှာ သေသေချာချာတင်ဆက်နိုင်ရေးအတွက် ပိုပူပန်တယ်။ ဒါကြောင့် ကိုယ့်အတွက်ကိုယ်စဉ်းစားဖို. အချိန်သိပ်မရှိဘူး။ မိသားစုကလဲ ညီမအတွက်တော့ အားဆေးပါဘဲ။ အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းတွေဆိုနေသလိုဘဲ၊ မိသားစုအတွက်လဲ သမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာပါ။ ဒီတော့ ခက်ခဲတဲ့အချိန်တွေမှာ အလုပ်နဲ့ မိသားစုကိုဘဲ ပိုဦးစားပေးဖြစ်တယ်။

Album ရောင်းအားမြှင့်နေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲရှိန် အကူအညီပေးကြတာမျိုးရော ရှိကြလား။

Hyorin: အဲဒါက အခြေအနေပေါ်မှာ မူတည်တယ်။ တခါတလေ အရမ်းပင်ပန်းလာတဲ့အချိန်မျိုးမှာတော့ တစ်ယောက်နဲ့ တစ်ယောက်ညှိပြီး၊ သွားအိပ်ကြစို့ဆိုပြီး၊ ကားထဲမှာ ၀င်အိပ်ကြတယ်။ တခါတလေကျတော့လဲ ဘာမှမတွေးဘဲနဲ့ စကားမပြောဘဲ ဒီတိုင်းထိုင်နေဖြစ်တယ်။ (ရီလျက်)

Bora: အချင်းချင်းအနေနဲ့တော့ "Hyorinရေ ဒီနေ့ကတော့ ပင်ပန်းခက်ခဲလိုက်တာဟာ"လို. ပြောနေစရာမလိုဘူး။ တူတူလုပ်နေကြတဲ့သူတွေဆိုတော့ တကယ်ခက်ခဲလာပြီဆို သိသာတယ်။ ဒီတော့ အဲလိုတွေမေးနေမယ့်အစား "အဆင်ပြေရဲ့လား" ဒါမှမဟုတ် "သွားကြစို." ဆိုပြီး တစ်ယောက်ကို တစ်ယောက် အားပေးကြတယ်။ အမှန်တော့ ညီမတို.အနေနဲ့ ယဉ်ကျေးလွန်းတဲ့ စကားတွေထက် "ပူမနေနဲ့ဟာ" "ဒါကဒီလိုဘဲ" ဆိုတဲ့ ပုံမှန် သက်တောင့်သက်သာရှိစေတဲ့ စကားတွေပြောရတာ ပိုအဆင်ပြေလွတ်လပ်တယ်။

၂ယောက်လုံးကိုကြည့်ရတာ ကိုယ့်ရဲ့ အခက်အခဲကို သူများကို မျှဝေချင်ပုံမရဘူးနော်။


Bora: ညီမတို.၂ယောက်က အကျင့်ချင်း နည်းနည်းတူကြတယ်။ တကယ်ကို ခက်ခက်ခဲခဲဖြစ်လာပြီဆိုရင် တခြားသူကို ဖွင့်ပြောအပြစ်တင်နေမယ့်အစား၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဘဲ ဦးစားပေးပြီး တွေးတယ်။ နောက်တစ်ယောက်ကို ပြောပြရင် စိတ်ခံစားရသက်သာမှာဖြစ်ပေမယ့်၊ အဲဒီလူကိုပါ ပြသနာထဲ ဆွဲမထည့်ချင်ဘူး။

တကယ်လို.များ အခုနားရက်ရခဲ့မယ်ဆိုရင် ဘာလုပ်ချင်လဲ။

Bora: ညီမအမြဲပြောခဲ့တယ်။ တကယ်လို.များ နားရက်ရခဲ့ရင် ခရီးထွက်မယ်လို့။ အရင်ကတော့ နားရက်ရတိုင်း အိမ်ပြန်ဖြစ်တယ်။ အခုတော့ နားရက်ရခဲ့ရင် ဘာမှတွေးတောစရာမလို စိတ်ဖိစီးမှုမရှိတဲ့ နေရာကို ခရီးထွက်ချင်တယ်။ မြို.စွန်လိုနေရာမျိုးကို သွားချင်တယ်။ နိုင်ငံခြားခရီးထွက်ခဲ့ရင်တောင် မြို.ပြင်ဘက်ကိုဘဲ သွားချင်တယ်။

Hyorin: ညီမက Volunteer လုပ်ချင်တယ်။ မိဘမဲ့ကလေးကျောင်းတွေ၊ ခွေးထိန်းသိမ်းရေးစခန်းတွေလို နေရာမျိုးမှာ ကူညီရတဲ့ လုပ်အားပေးအလုပ်မျိုးလုပ်ချင်တယ်။ အရင်က နိုင်ငံခြားအဆိုတော်အဖွဲ. ဆေးရုံမှာ နေမကောင်းတဲ့ လူနာတွေကို သီချင်းဆိုပြတာမျိုး တွေးခဲ့ဖူးတယ်။ သူတို.တွေမှာ ဂစ်တာတစ်လက်၊ စည်းချက်လိုက်သူ၃ယောက်နဲ့ အဓိကအဆိုရှင်၁ဦးဘဲပါတယ်၊ အဖွဲ.သေးသေးလေး၊ ဒါပေမယ့် ကြည့်ရတာ ကြည်နူးဖို.ကောင်းတယ်။

Hyorin ကိုကြည့်ရတာ အေးအေးဆေးဆေးအနားယူဖို. ၀ါသနာမပါဘူးထင်တယ်။

Hyorin: ဒါတော့ဟုတ်တယ်၊ ပုံမှန်ဆိုလဲ ညီမက အခန်းထဲမှာ ငြိမ်နေတတ်တဲ့သူမျိုးမဟုတ်ဘူး။ အမြဲလျောက်သွားနေတတ်တာ။ ဒါပေမယ့် အခုတော့ တော်တော်လိမ်မာနေပါပြီ။ (ရီလျက်)
စကားမစပ် ညီမတို. ရေမြွေလေးတစ်ကောင်လက်ဆောင်ရထားတယ်။ အရင်အပတ် MBC Weekly Idol အစီအစဉ်ရိုက်ကူးတုန်းကပေါ့။ အခုသူ.ကို "ပိုး (SILK)" လို. နာမည်ပေးထားတယ်။ သူ.ကို အ၀တ်ဗီရိုထဲမှာ ထည့်မွေးထားတယ်။ သူများတွေပြောတာက အပူချိန်၂၇ ကနေ ၂၈ ဒီဂရီကြားရှိတဲ့နေရာမှာ မွေးရမယ်ဆိုလို့၊ တစ်အိမ်လုံးမှာ အနွေးဆုံးက အ၀တ်ဗီရိုဘဲ၇ှိတယ်လေ။ မြွေလေးက ညီမတို.နဲ့နေရတာ ပျော်ပုံရတယ်။ ကျန်းကျန်းမာမာလဲရှိတယ်။ သူ.ကို ငါးသေးသေးလေးတွေကျွေးရတယ်။ ငါးလေးတွေအတွက်တော့ စိတ်မကောင်းပါဘူး။

February 27ရက်နေ့က ညီမတို.အဖွဲ.စတင်ခဲ့တာ ရက်၁၀၀၀ပြည့်ခဲ့ပြီနော်။ ယခင်နဲ့ ယခုဘာတွေ ပြောင်းလဲခဲ့တယ်လို.ထင်လဲ။

Hyorin: ပရိတ်သတ်ကို တိုက်ရိုက်ပို.ပေးရတဲ့ Camera Message လုပ်တဲ့အခါမှာ ပိုပြီးအဆင်ပြေလာတယ်။ (ရီလျက်)

Bora: အရင်က ညီမတို.အနေနဲ့ Camera Message ဆိုတာ နားမလည်ကြဘူး။ တကယ်ဆို အရောင်းမြှင့်တင်ရေးတွေအတွက် ပွဲတွေမှာ သီဆိုတာတွေက ညီမတို.အနေနဲ့ Camera Monitor ကနေပြန်ကြည့်ပြီးမှ အပြင်ကိုချပြတာ။ Camera Message ကတော့ စင်နောက်ကွယ်မှာ မိတ်ကပ်လိမ်းနေတာတွေ၊ သီချင်းတွေအော်ဆို အသံတိုက်နေတာတွေ အကုန်ပါတယ်။

ဟိုးအရင် SISTAR ရဲ့ တွေ.ဆုံမေးမြန်းခန်းအစီအစဉ်တုန်းက ညီမတို.အနေနဲ့ အကကျင့်ဖို. စတူဒီယို အခန်းကျယ်ကျယ်လိုချင်တယ်ဆိုတာ အခုရောဘယ်လိုလဲ..

Bora: အခုတော့ အရမ်းအရမ်းကို အဆပေါင်းများစွာကျယ်တဲ့ အခန်းကိုရထားတယ်။ လူတွေလဲ ပိုများလာတယ်။

Hyorin: ညီမတို.အရင်ကတော့ အကတိုက်ဖို.အတွက် အရမ်းခက်ခဲခဲ့ရတာ။ အခု သင်တန်းသားအသစ်တွေအနေနဲ့က ကံကောင်းပါတယ်။ (ရီလျက်) တကယ်တော့ အခက်ခဲဆုံးနဲ့ အပင်ပန်းခဲ့ဆုံးအချိန်တွေကမှ အမှတ်တရပါ။ အခုဆို အရင်အချိန်တွေ ပြန်တွေးမိရင် ညီမတို.ရဲ့ အခက်အခဲတွေကြားမှာ ပျော်ခဲ့ကြတဲ့ ချစ်စရာအချိန်လေးတွေကို သတိရမိတယ်။

Bora: လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက စတူဒီယိုအဟောင်း အခန်းကျဉ်းလေးမှာ တစ်ယောက်တည်း သွားထိုင်နေခဲ့မိသေးတယ်။ အဲဒီအခန်းလေးကို ဘယ်သူမှ မသုံးကြတော့ဘူး။ အခုဆို ပိုတောင် ကျဉ်းသွားတယ်လို. ခံစားရတယ်။ ဒါပေမယ့် ညီမတို.ရဲ့ Trainee ကာလက အချိန်လေးတွေ၊ ညီမတို.ဆွဲခဲ့ကြတဲ့ ပုံလေးတွေ၊ ပျော်ခဲ့ကြတဲ့ အချိန်တွေကို ပြန်လွမ်းမိတယ်။ တကယ်ကို မမေ့နိုင်စရာပါဘဲ။

နောက် ၅နှစ် ၁၀နှစ်ကြာရင်ဆိုတဲ့ အချိန်အတွက် ဘယ်လိုစဉ်းစားထားလဲ။

Bora: အခုချိန်မှာ ပြောဖို. အရမ်းစောနေပါသေးတယ်။ အဲဒီအချိန်နားရောက်ရင်တော့ " ငါဒီထက်ပိုလုပ်နိုင်တယ်" "ဒီထက်ပိုလုပ်ရင် ပိုကောင်းမယ်" ဆိုပြီး ပြောချင်ပြောနေမှာပေါ့။

Hyorin: ညီမအနေနဲ့တော့ ဘာတွေဖြစ်လာမလဲ သေချာမသိဘူး။ ဒါပေမယ့် အဲဒီအချိန်ထိ သီချင်းဆက်ဆိုနေမှာတော့ သေချာလောက်တယ်။

Bora: စင်ပေါ်ကို တစ်ခါတတ်ဖူးရင် ပြန်ဆင်းဖို.ဆိုတာခက်ခဲတယ်။ ဘာလို.လဲဆိုတော့ ဘယ်တော့မှ ပြန်ဆင်းဖို.ဆိုတာ မတွေးမိတော့လို.ဖြစ်တယ်။

The End~~

*More detailed story can be seen on monthly <10+star> April issue.

<!--[if !supportLineBreakNewLine]-->
<!--[endif]-->


Credit : Sistar's Fanclub-Star1 FB







No comments:

Post a Comment