Saturday, March 9, 2013

ဟာသသရုပ်ဆောင် Kim Ji Min နှင့် Bora တို့ရဲ့ အဖွဲ.သစ် SISTAR29


KBS2 TV ရဲ့ Full House အစီအစဉ် ရိုက်ကူးရေးမှာ ဟာသ သရုပ်ဆောင် Kim Ji Min က SISTAR 19 အဖွဲ.ခေါင်းဆောင် Hyorin မရှိတုန်း၊  အဆိုတော် Bora နဲ့ တူတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Kim Ji Min အနေနဲ့ သူမရဲ့ Me2Day Account မှာ " ဒီည ၈း၅၀၊  SISTAR29 အဖွဲ.သစ် Full House အစီအစဉ်မှာ လာမယ်" ဆိုတဲ့ ရီမောစရာ Status နှင့်အတူ သူမနဲ့ Bora ပခုံးပေါ်လက်တင်ဖက်ပြီး တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုတင်ထားပါတယ်။ ကိုရီးယားရဲ့ ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးအဖွဲ.ရဲ့ အဖွဲ.၀င်နဲ့ တူတူ ဓာတ်ပုံရိုက်ရတာကို သူမအနေနဲ့ ပျော်ရွှင်နေပုံရပြီး၊ သူမရဲ့ အသက်ကိုထပ်ပေါင်းထားတဲ့ Sub Unit အဖွဲ. နာမည်သစ် SISTAR29 ဆိုတာကလဲ မြင်ရသူတွေကို ရီမောစေခဲ့ပါတယ်။

အင်တာနက်မှ ပရိတ်သတ်အချို.က "၂ယောက်လုံးက ချောလိုက်တာ" "Kim Ji Min, Yoon Bora တို.က အရမ်းကြည့်ကောင်းတယ်" "ငါ ဒီညတော့ Full House အစီအစဉ်ကိုကြည့်ဖြစ်အောင်ကြည့်မယ်" စသဖြင့် မှတ်ချက်ပေးထားကြပါတယ်။

အခြားသတင်းအနေနဲ့ ဟာသသရုပ်ဆောင် Kim Ji Min က ယခုလောလောဆယ် Gag Concert နဲ့ Full House အစီအစဉ်တို.မှာ ပါဝင်တင်ဆက်နေပါတယ်။

Credit: Allkpop

No comments:

Post a Comment