Mnet's Beatles Code အစီအစဉ်မှာ SISTAR အဖွဲ.ခေါင်းဆောင် Hyorin က အဖွဲ.၀င် Bora ရဲ့ ပြည့်စုံတဲ့အလှကို ချီးကျူးခဲ့ပေမယ့်၊ Bora့ တော့ သူမရဲ့အလှကို အမြဲခြိမ်းခြောက်နေတဲ့ ဘယ်ဘက်နားရွက်ပေါ်က မွေးရာပါ မှဲ.နက်ကြောင့် စိတ်သောက ရောက်နေရတာကို ဖွင့်ပြောပြခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အဲဒီမှဲ.နက်ကြောင့် သူငယ်ချင်းတွေ စနောက်တာခံခဲ့ရသလို၊ Idol အဆိုတောဖြစ်လာတော့လဲ သူမအနေနဲ့ ခွဲစိတ်မှုပြုလုပ်ဖို. စီစဉ်ခဲ့ပါသေးတယ်တဲ့။ ဆရာဝန်ရဲ့ ပြောပြချက်အရ ထိုခွဲစိတ်မှုက သူမနားရွက်ရဲ့ အခြားအလုပ်လုပ်နေတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် ခွဲစိတ်ဖို. အစီအစဉ်ကို လက်လျော့လိုက်တယ်လို. ပြောပါတယ်။
အခုတော့ သူမက ဒီမှဲ့နဲ့ပတ်သက်ပြီး သိပ်စိတ်သောက ရှိပုံမရတော့ပါဘူး။ အေးအေးဆေးဆေးဘဲ ရှင်းပြနိုင်ခဲ့ပါတယ်။
ဒီမှဲ့နက်က Bora ရဲ့ အလှကို အနှောင့်အယှက်ဖြစ်စေလား... ဒါမှမဟုတ် သူမက အလှမပျက်ရှိနေဆဲလားဆိုတာ .. သူငယ်ချင်းတို.ရော ဘယ်လိုထင်လဲ..... :D
Credit : Dreamafever


No comments:
Post a Comment