Tuesday, June 18, 2013

Interview with Director Joo Heul Seon (Give It To Me)

Director Joo Heul Seon Filmography



SISTAR - "Alone" "Loving U" "Gone Not Around Any Longer" "Give It To Me"
KARA - "Step" "Pandora"
MBLAQ - "Mona Lisa"
After School - "Bang"
Rainbow - "Sun Shine"
Son Dambi - "Crazy" "Saturday Night"
B1A4 - "Ok"
Teen Top - "Going Crazy" "To You"
DJ DOC - "I'm this kind of person"
and more....

Q:  SISTAR ရဲ့ Give It To Me ကိုနားထောင်ပြီးတဲ့ အခါမှာ ဘယ်လိုခံစားမှုမျိုးနဲ့ ခံစားမိလဲ။
A: အရမ်းကောင်းတဲ့ အသံရှင် အမျိုးသမီးတွေ၊ တကယ့်ကို ထိပ်တန်းဘဲ။ ကျွန်တော့်အနေနဲ့ SISTAR ကို အကုန်လုံးရောချပြီး မပြဘဲ သူတို.တွေရဲ့ တစ်ဦးချင်းစီ အားသာချက်တွေကို ဖော်ပြပြီး ရိုက်ကူးထားခဲ့တာ။ တကယ့် တစ်ယောက်ချင်းစီရဲ့ အရည်အချင်း အစစ်အမှန်တွေ။



Q: ဒီ သီချင်းကို ရိုက်ကူးစဉ်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဘယ်အရာကို အဓိကချပြချင်ခဲ့တာလဲ၊ ဘယ်လောက်ထိ အောင်မြင်ခဲ့လဲ။
A: Give It To Me သီချင်းက အရမ်းအထီးကျန်တယ် မျှော်လင့်ချက်မဲ့နေတဲ့ အဆွေးသမားတစ်ယောက်ရဲ့ ခံစားမှုပုံစံကို ရေးဖွဲ.ထားတာ။ တချိန်တည်းမှာဘဲ ဒီသီချင်းက SISTAR အတွက်တော့ အလိုက်ဖက်ဆုံး သီချင်းပုံစံဖြစ်နေတယ်။ စစချင်းမှာ အရမ်းကြီးမားတဲ့ နောက်ခံ Music Stage ကြီးတစ်ခုပုံစံရအောင် ဖန်တီးယူတယ်၊ ပြီးသွားတော့ SISTAR အဖွဲ.၀င်တွေရဲ့ တစ်ဦးချင်းစီ သူမတို.ရဲ့ ဂီတပုံဖော်မှုတွေကို လုပ်ခိုင်းတယ်။ Lip Sync ဆိုနေတဲ့ အချိန်မှာတောင် သူမတို.မျက်နှာတွေ၊ ခန္ဓာကိုယ်တွေက အသက်ဝင်နေအောင် သေချာအာရုံသွင်းပြီး သရုပ်ဆောင်ခိုင်းထားတယ်။ သီချင်းရဲ့ အဓိပ္ပာယ်ကို အရမ်းကြီး မဖော်ကျူးဘဲနဲ့ SISTAR တစ်ဦးချင်းစီရဲ့ အားသာချက်တွေကို သေချာယူတယ်။ သူတို.ရဲ့ မျက်နှာတွေက တကယ့် Emotional အခြေအနေကို ရယူနိုင်အောင်ကို သဘာဝဆန်လွန်းတယ်။ ခင်ဗျားအနေနဲ့ MTV ကြည့်တဲ့အခါကျရင် တွေ.နိုင်ပါတယ်၊ သူမတို.ရဲ့  Lip Sync တွေက ဘယ်လောက်အသက်ဝင်နေလဲဆိုတာကိုပေါ့။

Q: Give It To Me MTV ရိုက်ကူးရေးမှာ ဘယ်အပိုင်းက အရမ်းအခက်ခဲဆုံးလဲ။ ဘယ်အခန်းက စိတ်အပင်ပန်းရဆုံးလဲ။
A: သီချင်းစာသားတစ်ပိုဒ် "I cry all day until the down break. I can't tell whether Sun is the moon or night is day" ပါတယ်.. ကျွန်တော့်အနေနဲ့ အဲဒီအပိုဒ်ကို အဓိကရအောင် ရိုက်ပြချင်တာ။ ဒါကြောင့် အနီရောင်ရဲရဲတောက်နေတဲ့ နေလုံးကို SISTAR ရဲ့နောက်မှာ နောက်ခံအနေနဲ့ထားတယ်။ ကျွန်တော့်အနေနဲ့ အကအဖွဲ.က နေလုံးကြီးနဲ့အတူ နာရီစင်ကြီးရှေ.မှာ ကပြနေတဲ့အချိန်၊ SISTAR က ~~Woo, Woo~~Wooo~~ ဆိုတဲ့ စာသားနဲ့အတူ ဂီတ တံတားကြီးကနေဆင်းလာတဲ့ ပုံစံမျိုး ရိုက်ကူးချင်တာ။ ဒါပေမယ့် ကျွန်တော်တို. နိုင်ငံမှာ Indoor အတွက် ကျွန်တော်မျှော်မှန်းသလောက် ကြီးမားခမ်းနားတဲ့ နေရာမျိုးရဖို.က အရမ်းခက်ခဲတယ်။ ဒါကြောင့်လဲ အတတ်နိုင်ဆုံး ကိုယ်လိုချင်တာနဲ့ နီးစပ်အောင် ဖန်တီးယူထားရတယ်။ ကျွန်တော်က MTV ကို တကယ့် သဘာဝကျတဲ့ ခံစားမှုအပြည့်နဲ့ သရုပ်ဆောင်ထားတဲ့ Musical Stage တစ်ခုလို သေသေချာချာကျကျနန ရိုက်ကူးပြချင်တာ၊ သီချင်းဆိုပြီး ကနေရုံလောက်နဲ့တော့ ရိုက်မပြချင်ဘူး။ ဥပမာအားဖြင့် Soyou နဲ့ Male Dancer တို.အတွဲကနေချိန်မှာ Hyorin ကိုသီချင်းဆိုနေရုံ သတ်သတ်မဟုတ်ဘဲ၊ သူမရဲ့ မျက်နှာအမူအယာက သူများအတွဲကို မနာလိုအားကျဖြစ်နေတဲ့ပုံစံမျိုးရအောင် သရုပ်ဆောင်ခိုင်းထားတယ်။ Dasom ရဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ အမူအယာကို ဆွဲဆောင်မှုအပြည့်ရှိတဲ့ Bora နဲ့ ယှဉ်ပြီး ရိုက်ပြထားတယ်။

Q: Give It To Me ရိုက်ကူးရေးမှာ စိတ်ဝင်စားစရာ အမှတ်တရအနေနဲ့ ဘယ်အပိုင်းတွေများရှိမလဲ။
A: ထိုင်ခုံနဲ့ ကရတဲ့အခန်းဆို အားလုံးကြိုတင်ပြင်ဆင်မှုမရှိဘဲ အခန်းအပြင်အဆင်တွေ ပြီးတာနဲ့ အကနည်းပြတွေ၊ SISTAR အဖွဲ.၀င်တွေနဲ့ တိုင်ပင်ပြီး၊ ချက်ချင်းကြီး တစ်ကဒ်ထဲနဲ့ပြီးအောင် ရိုက်ကူးခဲ့ကြတာ။ ဒါပေမယ့် အောင်မြင်တယ်ပြောရမယ်၊ အဲဒီအခန်းက ရိုက်ကူးသမျှထဲမှာ အကောင်းဆုံး၊ စိတ်ကြိုက်အဖြစ်ဆုံးအနေနဲ့ ပါဝင်တယ်။ ပြီးတော့ MTV စစချင်းမှာ ပြထားတဲ့ Hyorin နဲ့ နောက်ကျောပြင်အလှ၊ တကယ်တန်းဆို Hyorin အနေနဲ့ သူမရဲ့ ခွဲစိတ်အမာရွတ်ကြောင့် တခြားမိန်းကလေးတွေလို ဗိုက်သားဝန်းကျင် ခန္ဓာကိုယ်အရှေ.ပိုင်းကို ဖော်ပြလို.မရဘူး။ ဒါပေမယ့် ကျွန်တော်တို.အနေနဲ့ သူမရဲ့ နောက်ကျောအလှကို သေသေချာချာရိုက်ပြီး သရုပ်ဆောင်စေခဲ့တယ်။ အဲဒီအခန်းကလဲ သီချင်းနဲ့ အရမ်းလိုက်ဖက်ပြီး၊ အဓိပ္ပာယ် ပိုပြည့်စုံသွားစေတယ်။ အဲဒါတွေက တကယ့်အမှတ်တရပါဘဲ။

Q: SISTAR ရဲ့ ပထမဆုံးသီချင်းတွေကတည်းက ရိုက်ကူးလာတာဆိုတော့ SISTAR နဲ့ Director ကြားမှာ အမှတ်တရလေးတွေများရှိမလား။
A: SISTAR က ကျွန်တော့်အတွက်တော့ ငယ်ငယ်ကနေ ကြီးလာတဲ့ မိသားစုဝင်တွေလိုဘဲ၊ သူမတို. ပထမဆုံးအခွေကတည်းက ကျွန်တော်ဘဲ ရိုက်ကူးခဲ့ရတာ အခုထိပါဘဲ။ ကျွန်တော်တို. ရေရှည်လက်တွဲ အလုပ်လုပ်ခဲ့ကြတယ်၊ သူတို.လိုချင်တာနဲ့ ကျွန်တော်လိုချင်တာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ကိုယ်လိုချင်တာတင်မဟုတ်ဘဲနဲ့ ဘယ်အရာကို တကယ်လုပ်နိုင်တယ်ဆိုတာကိုပါ သိမြင်အောင်လုပ်ပြီး၊ အရယူကြတယ်။ ကျွန်တော်တို.အနေနဲ့ အဆိုတော်နဲ့ ဒါရိုက်တာ ဆက်ဆံရေးထက်မကကို ရင်းနှီးကြပါတယ်။

Q:  SISTAR ကို ဘယ်လိုမြင်လဲ။
A: အရမ်းကြောက်စရာကောင်းအောင် အလုပ်ကြိုးစားသူတွေ။ ကျွန်တော် သူတို.နဲ့ အလုပ်တစ်ခါလုပ်ပြီးတိုင်း၊ လက်ရှိရိုက်ကူးနေရတဲ့ MTV အပြင် နောက်ထပ်တစ်ခါကျရင် အလုပ်တူတူထပ်လုပ်ခွင့်ရဖို.ကို မျှော်နေရလောက်အောင်၊ အလုပ်တူတူလုပ်လို. ကောင်းလွန်းသူတွေ။

Q: SISTAR အဖွဲ.၀င်တွေကို ဒီနေရာကနေ ပြောချင်တာလေးများရှိရင်။
A: SISTAR က ကျွန်တော့်အတွက် သူငယ်ချင်းဟောင်းတွေပါ။ ကျွန်တော်တို.က SISTAR ရဲ့ ပထမဆုံးဆိုတဲ့အချိန်တွေကတည်းက အလုပ်တူတူတွဲလုပ်ခဲ့ကြတာ။ အသက်အရွယ်ကွာခြားမှုက လွဲလို့၊ ကျွန်တော်တို.ကြားမှာ အမြင်တူတာ အတွေးတူတာတွေ အများကြီး ရှိခဲ့တယ်။ ဒီ MTV ကိုရိုက်ကူးကြတဲ့ တတိယနေ့မှာလဲ SISTAR အဖွဲ.က ကျွန်တော့်ကိုပြောတယ်၊ " နောက်တစ်ခါဆို ကျွန်တော်နဲ့ တွဲမရိုက်ချင်တော့ဘူးတဲ့၊ အရမ်းရင်းနှီးကြလွန်းတော့ သူမတို.အနေနဲ့ အရမ်းပင်ပန်းတယ် ခက်ခဲတယ်လို. ညည်းလဲ အနားမပေးဘဲ ခက်ခက်ခဲခဲခိုင်းလွန်းလို.တဲ့"
ကျွန်တော် တကယ်ဘဲ စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို.ရဲ့ ခင်မင်မှုက ဒီလို အလုပ်ပင်ပင်ပန်းပန်းခိုင်းတတ်တာကြောင့်နဲ့တော့ အလွယ်တကူမပျက်စီးနိုင်ပါဘူးလေ။ I love you friends..... :)

Credit to: SISTAR's Fanclub Star1 USA
Translate by: Htwaylay






No comments:

Post a Comment