Tuesday, June 18, 2013

Give It To Me - Biography

Album Title : The Second Album "GIVE IT TO ME"
Title Song: GIVE IT TO ME
Produce by : Double Side Kick
Release Date: 11.6.2013
Artist : SISTAR
HYORIN, BORA, SOYOU, DASOM




ပရိတ်သတ်ကြီး မျှော်လင့်နေကြတဲ့ SISTAR အဖွဲ.က သူမတို.ရဲ့ ဒုတိယ Album ဖြစ်တဲ့ GIVE IT TO ME နဲ့အတူ နွေရာသီကို ကြိုဆိုလိုက်ကြပါပြီ။ နှစ်နှစ်တိတိကြာပြီးတဲ့ နောက်မှ သူမတို.ရဲ့ သီချင်းအပြည့်ပါဝင်သော Full Album : GIVE IT TO ME ကို ပရိတ်သတ်ရှေ.မှောက် ချပြနိုင်တာ ဖြစ်ပါတယ်။

Title သီချင်းဖြစ်တဲ့ Give It To Me ကို တေးရေး Double Side Kick မှ ရေးသားတာဖြစ်ပြီး၊ ယခင်နှစ် ၂၀၁၂ နွေဦးရာသီမှာ ထွက်ရှိခဲ့တဲ့ Loving U ကိုရေးပေးခဲ့တဲ့ တေးရေးဆရာဘဲ ဖြစ်ပါတယ်။
K-Pop လောကရဲ့ နာမည်ကြီး Producer တွေပီပီ SISTAR ကို ဒီနှစ်မှာတော့ ကျန်းမာပြီး ဆွဲဆောင်မှုရှိတဲ့ ရင့်ကျက်တဲ့ အမျိုးသမီးလေးတွေ အသွင်သူမတို.ကို ပွဲထုတ်ထားပါတယ်။

Tango တေးဂီတ၊ အသံအားကောင်းတဲ့ သံစုံတီးဝိုင်း၊ ဆွဲဆောင်မှုရှိတဲ့ ၀မ်းနည်းစရာ အထီးကျန်နေသော နောက်ခံဂီတတွေနဲ့ အတူ ချစ်သူပျောက်နေသော အမျိုးသမီးရဲ့ ခံစားချက်ကို ပေါ်လွင်အောင် ရေးဖွဲ.ထားပါတယ်။



Director Joo Hee Soon က SISTAR နဲ့အတူ "ALONE" "LOVING U" "GONE NOT AROUND ANY LONGER" အစရှိတဲ့ MTV တွေကို လက်စွမ်းပြ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ အခု လက်ရှိထွက်ထားတဲ့ "GIVE IT TO ME" Full Album မှာလဲ အံ့မခန်းတဲ့အနုပညာ အစွမ်းတွေနဲ့ SISTAR ကို ပုံဖော်ထားပေးပြန်ပါတယ်။

ဒီ MTV ဟာ ကမ္ဘာကျော် Moulin Rouge ကို နောက်ခံထားပြီး၊ အောင်မြင်တဲ့ ဂီတ၊ လှပတဲ့ Setting အဆင်အပြင်၊ သူမတူအောင် ဆွဲဆောင်မှုရှိတဲ့ SISTAR အဖွဲ.နဲ့အတူ၊ နားဆင်ကြည့်ရှုကြတဲ့ ပရိတ်သတ်ရဲ့ မျက်လုံးမမှိတ်နိုင်အောင် ဆွဲဆောင်ထားပါတယ်။

ဆွဲဆောင်မှုအပြည့်နဲ့ သူမတို.ရဲ့ ဖက်ရှင်ကျကျ အရောင်အသွေးစုံတဲ့ အ၀တ်အစား၊ ကိုယ်ကျပ်အကျီ၊ ဦးထုပ်၊ နောက်ခံအားဖြည့်ထားတဲ့ အကအဖွဲ.နဲ့အတူ ဒီနှစ်နွေရာသီမှာ K-pop ပရိတ်သတ်တွေအတွက် SISTAR FEVER ရအောင် ဖန်တီးထားပါတယ်။

ကဲ.. ပရိတ်သတ်ကြီးလဲ GIVE IT TO ME ကို မကြည့်ရသေးရင် အောက်က Link  ကိုသွားပြီး ကြည့်ရှုအားပေးလိုက်ပါဦး။း)

Credit To: SISTAR's Fanclub Star1-USA







No comments:

Post a Comment