Monday, May 20, 2013

Kpop International BillBoard မှ ပြောသော SISTAR အကြောင်း

တောင်ကိုရီးယားရဲ့ နာမည်ကြီးမိန်းကလေးအဖွဲ.တစ်ခုဖြစ်တဲ့ SISTAR အဖွဲ.က သူတို.ရဲ့ သီချင်းခွေအသစ်ကို အခုလာမယ့် June လ ၁၆ရက်နေ့မှာ ဖြန်ချီဖို. ပြင်ဆင်ထားပါတယ်လို. SISTAR အဖွဲ.ရဲ့ ကုမ္မဏီဖြစ်တဲ့ Starship  Entertainment မှ CEO က ပြောကြားသွားပါတယ်။

သူမတို.အဖွဲ.ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Loving U (28 June မှာ ထွက်ရှိခဲ့) အပြီး၊ တစ်နှစ်နီးပါး ကြာပြီးချိန်မှ ဒီသတင်းကို ကြေငြာခဲ့တာပါ။ ဒီတစ်ခါတော့ အဖွဲ.၀င်အားလုံးဖြစ်ကြတဲ့ Hyorin, Bora, Soyou, Dasom အားလုံးပါဝင်ကြမှာဖြစ်ပြီး၊ သူမတို.ရဲ့ သီချင်းတွေကို အမြဲထိပ်ဆုံးရောက်အောင် ပို.ဆောင်ပေးတတ်တဲ့ တေးရေးနဲ့ ထုတ်လုပ်ရေး Brave Brother နဲ့ အတူ လက်တွဲကြမှာ ဖြစ်ပါတယ်။

SISTAR ရဲ့ သီချင်း ၃ပုဒ်ဟာ Kpop International Billboard မှာ Top 1 အနေနဲ့ ချိတ်ခဲ့ပြီး၊ အထူးသဖြင့် နောက်ဆုံးထွက်ရှိခဲ့တဲ့ Hyorin နဲ့ Bora နှစ်ယောက်တည်း သီဆိုထားကြတဲ့ Sistar19 - Gone Not Away Any Longer သီချင်းက Billboard ရဲ့ ပထမနေရာမှာ ရက်သတ္တပတ်တော်တော်ကြာအောင် နေရာယူခဲ့ဖူးပါတယ်။




SISTAR အနေနဲ့ Billboard ရဲ့ ပထမနေရာကိုရောက်ခဲ့တဲ့ သီချင်းတွေထဲမှာ So Cool, Alone နဲ့ Sub Unit အဖွဲ. SISTAR19 ရဲ့ gone Not Away Any Longer တို.က ထုတ်လုပ်ရေးနဲ့ တေးရေး Brave Brother ရဲ့ ဖန်တီးမှုတွေပါဘဲ။ အခြား နံပါတ်တစ်နေရာချိန်ခဲ့တဲ့ Loving U တစ်ခုသာ Double Sidekick နဲ့ တူတူတွဲ အလုပ်လုပ်ခဲ့တာပါ။
SISTAR ရဲ့ ဂီတခရီးလမ်းတလျောက် အောင်မြင်မှုတွေ တော်တော်များများရရှိခဲ့ပြီးပြီဆိုတော့ အခုထွက်ရှိမယ့် သီချင်းခွေသစ်ကလဲ ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးပြီး SISTAR အတွက် အောင်မြင်တဲ့ နှစ်တစ်နှစ်ဖြစ်စေဦးမှာပါ။

SISTAR နံပါတ် တစ်ချိတ်ခဲ့တဲ့ သီချင်းတွေကတော့ အောက်ပါအတိုင်းပါဘဲ။

SO COOL (No.1 for One week in September 2011)



ALONE (Four Weeks for No.1 from April to May 2012)



LOVING U (No.1 for One week in June 2012)




SISTAR19 - Gone Not Away Any Longer (Four Weeks for No.1 from January to February 2013)





Credit : Kpop BillBoard


No comments:

Post a Comment